၄ “အဲဒီလူငယ်ဆီ ပြေးသွားပြီး ပြောလိုက်ပါ– ‘“ဂျေရုဆလင်မှာ လူတွေရော တိရစ္ဆာန်တွေပါ များပြားလာမယ်။+ မြို့ရိုးမရှိတဲ့ ကျေးရွာတွေမှာ နေထိုင်သလို အဲဒီမှာ လူတွေ နေထိုင်ကြလိမ့်မယ်။+ ၅ ငါဟာ ပတ်လည်မှာရှိတဲ့ မီးမြို့ရိုးဖြစ်မယ်။+ အဲဒီမြို့ရဲ့ ဘုန်းအသရေဖြစ်လာမယ်”+ လို့ ယေဟောဝါပြောတယ်။’”