ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ လက်သင်္ကေတပြဘာသာစကား
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • လုကာ ၄:၁၇-၂၁
    သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
    • ၁၇ ပရောဖက် ဟေရှာယရေးတဲ့ ကျမ်းလိပ်ကို လှမ်းပေးကြတယ်။ ဒါနဲ့ ယေရှုက ကျမ်းလိပ်ကိုဖွင့်ပြီး ရှာလိုက်တဲ့အခါ ဒီကျမ်းချက်ကို တွေ့တယ်– ၁၈ “ယေဟောဝါရဲ့* စွမ်းအားတော်က ငါ့အပေါ်မှာ သက်ရောက်နေတယ်။ နွမ်းပါးသူတွေကို သတင်းကောင်း ကြေညာဖို့ ငါ့ကို ဘိသိက်ပေးထားတယ်။ သုံ့ပန်းတွေကို လွတ်လပ်ခွင့်ရတော့မယ့်အကြောင်း၊ မျက်မမြင်တွေကို  ပြန်မြင်တော့မယ့်အကြောင်း၊ ဖိနှိပ်ခံရသူတွေကို လွတ်မြောက်တော့မယ့်အကြောင်း ကြေညာဖို့ ငါ့ကို ဘုရားစေလွှတ်တယ်။+ ၁၉ ယေဟောဝါ* မျက်နှာသာပေးတဲ့နှစ်အကြောင်း ဟောပြောဖို့လည်း ပါတာပေါ့။”+ ၂၀ ယေရှုက ကျမ်းလိပ်ကို လိပ်၊ ဇရပ်မှူးကို ပြန်ပေးပြီး ထိုင်လိုက်တဲ့အခါ တရားဇရပ်မှာရှိသူအားလုံး  သူ့ကို  အာရုံစိုက်  ကြည့်နေကြတယ်။ ၂၁ အဲဒီအခါ ယေရှုက “ခင်ဗျားတို့ အခုကြားရတဲ့ ကျမ်းချက်ဟာ ဒီနေ့ ပြည့်စုံပြီ”+ လို့ပြောလိုက်တယ်။

  • လုကာ ၇:၂၂
    သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
    • ၂၂ ဒါကြောင့် ယေရှုက “ခင်ဗျားတို့မြင်ရ၊ ကြားရတဲ့ ဒီသတင်းအားလုံး ယောဟန်ကို ပြန်ပြောပြလိုက်ပါ။ မျက်မမြင်တွေ ပြန်မြင်လာပြီ။+ ခြေမသန်သူတွေ လမ်းလျှောက်နိုင်ပြီ။ အနာကြီးရောဂါသည်တွေ ပြန်ကောင်းလာပြီ။ နားမကြားသူတွေ  ကြားရပြီ။+ သေလွန်သူတွေ အသက်ပြန်ရှင်လာပြီ။ ဆင်းရဲသားတွေ သတင်းကောင်း ကြားရပြီ။+

  • တမန်တော် ၂၆:၁၇၊ ၁၈
    သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
    • ၁၇ ငါက ဒီလူမျိုးနဲ့ လူမျိုးခြားတွေလက်ကနေ မင်းကို ကယ်တင်ပြီး သူတို့ဆီ စေလွှတ်မယ်။+ ၁၈ မင်းက သူတို့ကို မျက်စိဖွင့်ပေးပြီး+ အမှောင်ကနေ+ အလင်းဆီ၊+ စာတန်ရဲ့ အခွင့်အာဏာအောက်ကနေ+ ဘုရားသခင်ရဲ့ အခွင့်အာဏာဆီ ပြန်လှည့်လာအောင် လုပ်ပေးရမယ်။ သူတို့ဟာ ယုံကြည်ခြင်းကြောင့် အပြစ်တွေ ခွင့်လွှတ်ခံရပြီး+ သန့်စင်သွားသူတွေနဲ့အတူ အမွေရလိမ့်မယ်’ လို့ပြောပါတယ်။

မြန်မာ စာစောင်များ (၂၀၁၁-၂၀၂၅)
ထွက်ပါ
ဝင်ပါ
  • မြန်မာ လက်သင်္ကေတပြဘာသာစကား
  • ဝေမျှပါ
  • နှစ်သက်ရာ ရွေးချယ်ပါ
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • လိုက်နာရန် စည်းကမ်းများ
  • ကိုယ်ရေးလုံခြုံမှု မူဝါဒ
  • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
  • JW.ORG
  • ဝင်ပါ
ဝေမျှပါ