-
အာမုတ် ၉:၁၁၊ ၁၂သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၁၁ ‘အဲဒီနေ့မှာ ပြိုကျနေတဲ့ ဒါဝိဒ်ရဲ့တဲကို ငါပြန်ထူမယ်။+
အပေါက်အပြဲတွေကို ဖာထေးမယ်။
အပျက်အစီးတွေကို ပြန်ပြုပြင်မယ်။
ဟိုးအရင်တုန်းကလိုဖြစ်အောင် ပြန်တည်ဆောက်မယ်။+
၁၂ အဲဒီအခါ ဧဒုံအမျိုးထဲက ကျန်ကြွင်းသူတွေ၊+ ငါ့နာမည်နဲ့ မှည့်ခေါ်ထားတဲ့ လူမျိုးခြားတွေကို သူတို့ပိုင်ဆိုင်ရလိမ့်မယ်။’
ဒီအရာတွေကို လုပ်ဆောင်နေတဲ့ ယေဟောဝါ ပြောတဲ့စကားပဲ။
-
-
ဩဗဒိ ၁၈သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၁၈ ယာကုပ်အမျိုးဟာ မီး၊
ယောသပ်အမျိုးဟာ မီးလျှံ ဖြစ်လိမ့်မယ်။
သူတို့က ရိုးပြတ်နဲ့တူတဲ့ ဧသောအမျိုးကို
လောင်ကျွမ်းပြီး ဝါးမျိုလိမ့်မယ်။
ဧသောအမျိုးထဲမှာ အသက်ရှင်ကျန်ရစ်သူ ရှိမှာမဟုတ်ဘူး။+
ဒါဟာ ယေဟောဝါကိုယ်တိုင် ပြောတဲ့စကားပဲ။
-