ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ လက်သင်္ကေတပြဘာသာစကား
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • ယေရမိ ၄၇:၁
    သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
    • ၄၇ ဂါဇာမြို့ကို ဖာရော မတိုက်ခိုက်ခင် ဖိလိတိလူမျိုးတွေနဲ့ပတ်သက်တဲ့ ယေဟောဝါရဲ့စကားတော် ပရောဖက်ယေရမိဆီ ရောက်လာတယ်။+

  • ယေဇကျေလ ၂၅:၁၆
    သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
    • ၁၆ ဒါကြောင့် အချုပ်အခြာအာဏာပိုင်ရှင် ယေဟောဝါ ပြောတာက “ငါ့လက်ကို ဆန့်ပြီး ဖိလိတိလူတွေကို ဒဏ်ခတ်မယ်။+ ခေရသိလူမျိုးကို ပယ်ရှင်းမယ်။+ ပင်လယ်ကမ်းရိုးတန်းမှာ ကျန်နေသေးတဲ့ လူတွေကိုလည်း ဖျက်ဆီးမယ်။+

  • ယောလ ၃:၄
    သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
    •  ၄ အို တိုင်ရာမြို့၊ ဆိုင်ဒုန်မြို့၊ ဖိလိတိတစ်ပြည်လုံး၊

      မင်းတို့က ငါ့ကို ဘာမကျေနပ်တာ ရှိလို့လဲ။

      တစ်ခုခုကြောင့် ငါ့ကို လက်တုံ့ပြန်နေတာလား။

      လက်တုံ့ပြန်နေတာဆိုရင်တော့

      ငါကလည်း မင်းတို့ကို အဲဒီအတိုင်း ချက်ချင်း လက်တုံ့ပြန်မယ်။+

  • အာမုတ် ၁:၆-၈
    သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
    •  ၆ ယေဟောဝါ ပြောတာက–

      ‘“ဂါဇာမြို့ရဲ့ ပုန်ကန်မှု သုံးခုမက+ လေးခုကြောင့် ငါပြစ်ဒဏ်မပေးဘဲ မနေဘူး။

      သူတို့က ပြည်နှင်ခံတွေကို ဖမ်းခေါ်သွားပြီး+ ဧဒုံလက်ထဲ အပ်ခဲ့တယ်။

       ၇ ဒါကြောင့် ဂါဇာမြို့ရိုးကို ငါမီးရှို့မယ်။+

      သူ့ရဲ့ခံတပ်မျှော်စင်တွေကို မီးဝါးမျိုလိမ့်မယ်။

       ၈ အာဇုတ်မြို့သားတွေနဲ့ အာရှကေလုန်မြို့ရဲ့ အုပ်စိုးရှင်ကို ငါဖျက်ဆီးမယ်။+

      ဧကြုန်မြို့ကို အပြစ်ပေးမယ်။+

      ကျန်တဲ့ ဖိလိတိလူတွေလည်း ပျက်စီးသွားရလိမ့်မယ်။”+

      ဒါဟာ အချုပ်အခြာအာဏာပိုင်ရှင် ယေဟောဝါပြောတဲ့ စကားပဲ။’

  • ဇေဖနိ ၂:၄
    သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
    •  ၄ ဂါဇာမြို့ဟာ စွန့်ပစ်ခံရလိမ့်မယ်။

      အာရှကေလုန်မြို့ ပျက်စီးသွားမယ်။+

      အာဇုတ်မြို့သားတွေ မွန်းတည့်ချိန်မှာ မောင်းထုတ်ခံရလိမ့်မယ်။

      ဧကြုန်မြို့ နုတ်ပစ်ခံရလိမ့်မယ်။+

  • ဇာခရိ ၉:၅
    သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
    •  ၅ အာရှကေလုန်မြို့က အဲဒါကိုမြင်ပြီး ကြောက်သွားမယ်။

      ဂါဇာမြို့က အကြီးအကျယ် ဝေဒနာခံစားရလိမ့်မယ်။

      ဧကြုန်မြို့ကလည်း သူမျှော်လင့်အားထားရာ အရှက်ကွဲသွားလို့ အကြီးအကျယ် ဝေဒနာခံစားရလိမ့်မယ်။

      ဂါဇာမြို့ရဲ့ဘုရင် ဖယ်ရှားခံရလိမ့်မယ်။

      အာရှကေလုန်မြို့မှာ နေထိုင်သူရှိတော့မှာ မဟုတ်ဘူး။+

မြန်မာ စာစောင်များ (၂၀၁၁-၂၀၂၅)
ထွက်ပါ
ဝင်ပါ
  • မြန်မာ လက်သင်္ကေတပြဘာသာစကား
  • ဝေမျှပါ
  • နှစ်သက်ရာ ရွေးချယ်ပါ
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • လိုက်နာရန် စည်းကမ်းများ
  • ကိုယ်ရေးလုံခြုံမှု မူဝါဒ
  • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
  • JW.ORG
  • ဝင်ပါ
ဝေမျှပါ