-
ယောရှု ၁၀:၈-၁၄သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၈ ယေဟောဝါက “သူတို့ကို မင်းလက်ထဲ ငါအပ်လိုက်ပြီဖြစ်လို့+ မကြောက်နဲ့။+ မင်းကို ဘယ်သူမှ ခုခံနိုင်မှာ မဟုတ်ဘူး”+ လို့ ယောရှုကို ပြောတယ်။ ၉ ယောရှုလည်း ဂိလဂါလအရပ်ကနေ တစ်ညလုံး ချီတက်ပြီးနောက် သူတို့ကို ရုတ်တရက် ဝင်စီးတယ်။ ၁၀ ယေဟောဝါက ရန်သူတွေကို အစ္စရေးတွေရှေ့မှာ ဖရိုဖရဲဖြစ်စေတယ်။+ ဒါကြောင့် အစ္စရေးတွေက ဂိဗောင်မြို့မှာ ရန်သူအမြောက်အမြားကို ကွပ်မျက်ကြတယ်။ ဗေသောရုန်အတက်လမ်းအတိုင်း လိုက်ပြီး အဇေကာမြို့နဲ့ မက်ကဒါမြို့အထိ လိုက်သတ်ကြတယ်။ ၁၁ ရန်သူတွေ ထွက်ပြေးတဲ့အခါ ဗေသောရုန်အဆင်းလမ်းမှာ ယေဟောဝါက အဇေကာမြို့အထိ မိုးသီးကြီးတွေ ကျစေတဲ့အတွက် သူတို့သေကုန်တယ်။ အစ္စရေးတွေရဲ့ ဓားချက်ကြောင့် သေတာထက် မိုးသီးကြောင့် သေတာ ပိုများတယ်။
၁၂ အာမောရိလူတွေကို အစ္စရေးတွေရှေ့ ယေဟောဝါ အကြီးအကျယ် ရှုံးနိမ့်စေတဲ့နေ့မှာ ယောရှုက ယေဟောဝါကို–
“နေမင်းကြီး၊ ဂိဗောင်မြို့ပေါ်မှာ ရပ်နေပါ။+
လမင်းကြီး၊ အာယလုန်ချိုင့်ဝှမ်းပေါ်မှာ ရပ်နေပါ” ဆိုပြီး ပြောတယ်။
၁၃ ဒါကြောင့် ရန်သူတွေကို အစ္စရေးတွေ နှိမ်နင်းလို့မပြီးမချင်း နေရော၊ လရော ရပ်တန့်နေတယ်။ ဒီအကြောင်းကို ယာရှာစာစောင်မှာ ရေးထားတယ်။+ အဲဒီနေ့မှာ နေမဝင်ဘူး။ နေဟာ တစ်နေ့လုံး ကောင်းကင်မှာ ရပ်တန့်နေတယ်။ ၁၄ လူတစ်ယောက်ရဲ့စကားကို ယေဟောဝါ နားထောင်ခဲ့တဲ့ အဲဒီလိုနေ့မျိုး အရင်ကရော နောက်ပိုင်းမှာပါ မရှိဖူးဘူး။+ အစ္စရေးတွေအတွက် ယေဟောဝါ တိုက်ခိုက်ပေးခဲ့တယ်။+
-
-
၁ ရာဇဝင်ချုပ် ၁၄:၁၀-၁၆သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၁၀ အဲဒီအခါ ဒါဝိဒ်က “ဖိလိတိတွေဆီ တက်သွားပြီး တိုက်ခိုက်ရမလား။ ကျွန်တော့်လက်ထဲ အပ်မှာလား” ဆိုပြီး ယေဟောဝါကိုမေးတော့ “တက်သွား။ သူတို့ကိုမင်းလက်ထဲငါဆက်ဆက်အပ်မယ်” လို့ဖြေတယ်။+ ၁၁ ဒါဝိဒ်လည်း ဗာလပေရဇိမ်အရပ်ကို+ တက်သွားပြီး သူတို့ကို ချေမှုန်းတယ်။ အဲဒီနောက် “အဟုန်ပြင်းပြင်းနဲ့ ဖြိုခွင်းတဲ့ရေလို စစ်မှန်တဲ့ဘုရားသခင်က ငါ့ကိုသုံးပြီး ရန်သူတွေကို ဖြိုခွင်းလိုက်ပြီ” လို့ပြောတယ်။ ဒါကြောင့် အဲဒီအရပ်ကို ဗာလပေရဇိမ်* ဆိုပြီး သမုတ်ကြတယ်။ ၁၂ ဖိလိတိတွေက သူတို့ရဲ့ ဘုရားရုပ်တုတွေကို အဲဒီအရပ်မှာ ထားရစ်ခဲ့တယ်။ ဒါဝိဒ်ရဲ့အမိန့်နဲ့ အဲဒီဘုရားရုပ်တုတွေကို မီးရှို့လိုက်ကြတယ်။+
၁၃ နောက်ပိုင်းမှာ ဖိလိတိတွေက ချိုင့်ဝှမ်းဒေသကို တိုက်ခိုက် လုယက်ပြန်တယ်။+ ၁၄ ဒါကြောင့် ဒါဝိဒ်က ဘုရားသခင်ကို ထပ်မေးကြည့်တဲ့အခါ “သူတို့ဆီ တည့်တည့်မတက်သွားဘဲ အနောက်ဘက်ကနေ ပတ်သွားပြီး ဘာကာချုံတောရှေ့မှာ တိုက်ခိုက်ပါ။+ ၁၅ ဘာကာချုံပင်ရဲ့ ထိပ်ဖျားကနေ ထွက်ပေါ်လာတဲ့ စစ်ချီသံကို ကြားတာနဲ့ စတိုက်ပေတော့။ ဘုရားသခင်က မင်းရှေ့ကနေ သွားပြီး ဖိလိတိတပ်ကို ချေမှုန်းမယ်”+ လို့ဖြေတယ်။ ၁၆ ဒါဝိဒ်လည်း ဘုရားသခင် မိန့်မှာတဲ့အတိုင်း လိုက်နာတယ်။+ ဖိလိတိတပ်ကို ဂိဗောင်မြို့ကနေ ဂေဇာမြို့အထိ ချေမှုန်းတယ်။+
-