-
တရားဟောရာ ၂၈:၅၃-၅၅သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၅၃ ကိုယ့်ရင်သွေးကို ပြန်စားရမယ်။ ရန်သူတွေ ဝိုင်းရံပိတ်ဆို့ထားတဲ့အတွက် အကြီးအကျယ် ဒုက္ခရောက်ပြီး ယေဟောဝါဘုရား ပေးသနားတဲ့ သားသမီးတွေရဲ့ အသားကိုတောင် ပြန်စားရမယ်။+
၅၄ “နူးညံ့ပြီး စာနာတတ်တဲ့ ယောက်ျားတောင်မှ ကိုယ့်ညီအစ်ကို၊ မြတ်နိုးရတဲ့ဇနီး၊ ကျန်နေသေးတဲ့ ကိုယ့်ရင်သွေးတွေကို သနားမှာ မဟုတ်ဘူး။ ၅၅ မြို့တွေကို ရန်သူတွေ ဝိုင်းရံပိတ်ဆို့ထားပြီး အကြီးအကျယ် ဒုက္ခရောက်တဲ့အခါ စားစရာမရှိတော့တဲ့အတွက် အဲဒီယောက်ျားက ကိုယ့်ရင်သွေးရဲ့ အသားကို စားလိမ့်မယ်။ သူများကို ဝေမျှပေးမှာ မဟုတ်ဘူး။+
-