- 
	                        
            
            ၂ ရာဇဝင်ချုပ် ၃၃:၁၀သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
- 
                            - 
                                        ၁၀ ယေဟောဝါက မနာရှေနဲ့ သူ့လူတွေကို အမြဲသတိပေးပေမဲ့ သူတို့ ဂရုမစိုက်ကြဘူး။+ 
 
- 
                                        
- 
	                        
            
            ၂ ရာဇဝင်ချုပ် ၃၆:၁၅၊ ၁၆သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
- 
                            - 
                                        ၁၅ ဘိုးဘေးတို့ရဲ့ဘုရား ယေဟောဝါဟာ မိမိနေထိုင်ရာအရပ်နဲ့ လူမျိုးတော်ကို သနားညှာတာတဲ့အတွက် တမန်တွေလွှတ်ပြီး သူတို့ကို အမြဲသတိပေးတယ်။ ထပ်တလဲလဲ သတိပေးတယ်။ ၁၆ ဒါပေမဲ့ သူတို့က စစ်မှန်တဲ့ဘုရားသခင် စေလွှတ်တဲ့ တမန်တွေကို လှောင်ပြောင်တယ်။+ ကိုယ်တော့်စကားကို မထီလေးစားလုပ်ပြီး+ ပရောဖက်တွေကို ကဲ့ရဲ့တယ်။+ နောက်ဆုံး သူတို့ကို ယေဟောဝါ အကြီးအကျယ် အမျက်ထွက်ရတဲ့အထိ၊+ သူတို့ နာလန်မထူနိုင်တော့တဲ့အထိ ဖြစ်သွားတယ်။ 
 
- 
                                        
- 
	                        
            
            နေဟမိ ၉:၂၉သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
- 
                            - 
                                        ၂၉ ပညတ်တရားကို လိုက်နာဖို့ သတိပေးပေမဲ့ သူတို့က ပညတ်ချက်တွေကို နားမထောင်ဘဲ အတင့်ရဲတဲ့ လုပ်ရပ်တွေ လုပ်တယ်။+ ကိုယ်တော့် စီရင်ဆုံးဖြတ်ချက်တွေကို မလိုက်နာဘဲ ပြစ်မှားခဲ့ကြတယ်။ အဲဒီအတိုင်းသာ လိုက်နာမယ်ဆိုရင် အသက်ရှင်ကြမှာ။+ ဒါပေမဲ့ သူတို့ ကလန်ကဆန်လုပ်ပြီး ကျောခိုင်းကြတယ်။ ခေါင်းမာတဲ့အပြင် နားထောင်ချင်စိတ်လည်းမရှိဘူး။ 
 
-