၂၁ ယေဟောဝါက ‘အဲဒီနေ့မှာ ငါဖြည့်ဆည်းပေးမယ်။
မိုးကောင်းကင် တောင်းဆိုတာကို ဖြည့်ဆည်းမယ်။
မိုးကောင်းကင်ကလည်း ကမ္ဘာမြေ တောင်းဆိုတာကို ဖြည့်ဆည်းမယ်။+
၂၂ ကမ္ဘာမြေက ကောက်နှံ၊ စပျစ်ဝိုင်သစ်၊ ဆီတွေ တောင်းဆိုတာကို ဖြည့်ဆည်းမယ်။
အဲဒါတွေကလည်း ယေဇရေလမြို့ တောင်းဆိုတာကို ဖြည့်ဆည်းပေးမယ်။+