-
၂ ဘုရင်များ ၁၉:၁-၄သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၁၉ ဟေဇကိမင်းဟာ အဲဒီအကြောင်းကို ကြားတာနဲ့ ကိုယ့်အဝတ်ကို ဆွဲဆုတ်၊ အထည်ကြမ်းဝတ်ပြီး ယေဟောဝါရဲ့ အိမ်တော်ကို သွားတယ်။+ ၂ ပြီးတော့ အထည်ကြမ်းဝတ်ထားတဲ့ နန်းတော်အုပ်ဧလျာကိမ်၊ စာရေးတော်ရှေဗနနဲ့ ပုရောဟိတ် အကြီးအကဲတွေကို အာမွတ်ရဲ့သား ပရောဖက်ဟေရှာယဆီ+ လွှတ်လိုက်တယ်။ ၃ သူတို့က “‘ဒီနေ့ဟာ ဒုက္ခရောက်တဲ့နေ့၊ စော်ကားခံရတဲ့နေ့၊ အရှက်ကွဲတဲ့နေ့ပဲ။ သားဖွားချိန်ရောက်ပေမဲ့ သားဖွားဖို့ ခွန်အားမရှိတဲ့ အဖြစ်မျိုးပဲ။+ ၄ အသက်ရှင်တဲ့ ဘုရားသခင်ကို ကဲ့ရဲ့ဖို့+ အဆီးရီးယားဘုရင် လွှတ်လိုက်တဲ့ ရာဗရှာခရဲ့ စကားတွေကို ယေဟောဝါဘုရား ကြားမှာပါ။ အဲဒီစကားတွေအတွက် သူ့ကို ယေဟောဝါဘုရား ဖြေရှင်းချက်တောင်းလိမ့်မယ်။ ဒါကြောင့် ကျန်နေသေးတဲ့လူတွေအတွက် ဆုတောင်းပေးပါ’+ ဆိုပြီး ဟေဇကိ မှာလိုက်ပါတယ်” လို့ ဟေရှာယကို ပြောကြတယ်။
-