-
၂ ဘုရင်များ ၁၉:၅-၇သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၅ ဟေဇကိမင်းရဲ့ မင်းမှုထမ်းတွေ အဲဒီလိုပြောပြီးတဲ့နောက်၊+ ၆ ဟေရှာယက “မင်းကြီးကို ပြောလိုက်ပါ။ ‘ယေဟောဝါဘုရား ပြောတာက– “ငါ့ကို အဆီးရီးယားဘုရင်ရဲ့ မင်းမှုထမ်းတွေ စော်ကားပြောဆိုနေတာကို+ ကြားရလို့ ကြောက်မနေနဲ့။+ ၇ အဲဒီဘုရင်ရဲ့စိတ်ထဲမှာ ငါအကြံတစ်ခု ထည့်ပေးမယ်။ သူ သတင်းတစ်ခုကြားပြီး နေရင်းပြည်ကို ပြန်သွားလိမ့်မယ်။ သူ့ကို အဲဒီမှာပဲ ဓားဘေးနဲ့ ငါကျဆုံးစေမယ်”’”+ လို့ မှာတယ်။
-