- 
	                        
            
            ၂ ဘုရင်များ ၁၉:၂၉-၃၁သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
- 
                            - 
                                        ၂၉ “‘ဟေဇကိအတွက် နိမိတ်ကတော့– အလိုလိုပေါက်တဲ့ သီးနှံတွေကို ဒီနှစ်မှာ စားရလိမ့်မယ်။ အဲဒီကနေပေါက်လာတဲ့ ကောက်နှံတွေကို ဒုတိယနှစ်မှာ စားရလိမ့်မယ်။+ တတိယနှစ်မှာတော့ မျိုးစေ့ကြဲပြီး ရိတ်သိမ်းရလိမ့်မယ်။ စပျစ်ခြံတွေစိုက်ပျိုးပြီး စပျစ်သီးတွေ စားရလိမ့်မယ်။+ ၃၀ ယုဒအမျိုးထဲက အသက်ရှင်ကျန်ရစ်ပြီး လွတ်မြောက်သွားသူတွေဟာ+ သစ်ပင်တွေလို အမြစ်စွဲပြီး သီးပွင့်လိမ့်မယ်။ ၃၁ ကျန်ကြွင်းသူတွေ ဂျေရုဆလင်မြို့ကနေ ထွက်လာလိမ့်မယ်။ အသက်ရှင်ကျန်ရစ်သူတွေက ဇိအုန်တောင်ကနေ ထွက်လာလိမ့်မယ်။ ဗိုလ်ခြေတို့ရဲ့အရှင်၊ စိတ်ထက်သန်တဲ့ဘုရား ယေဟောဝါက ဒါကို လုပ်ဆောင်မယ်။+ 
 
-