- 
	                        
            
            ၂ ဘုရင်များ ၂၀:၁-၃သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
- 
                            - 
                                        ၂၀ အဲဒီအချိန်မှာ ဟေဇကိမင်းဟာ သေလုမြောပါး ဖျားနေတယ်။+ အာမွတ်ရဲ့သား ပရောဖက်ဟေရှာယ ရောက်လာပြီး “ယေဟောဝါဘုရား ပြောတာက ‘မင်း ပြန်နေကောင်းလာမှာ မဟုတ်ဘူး၊ သေရလိမ့်မယ်။ ဒါကြောင့် မိသားစုဝင်တွေကို မှာစရာရှိတာ မှာခဲ့ပါ’”+ ဆိုပြီးပြောတယ်။ ၂ ဒါနဲ့ ဟေဇကိက နံရံဘက်လှည့်ပြီး ယေဟောဝါကို ဆုတောင်းတယ်– ၃ “ယေဟောဝါဘုရား၊ ကျွန်တော် တောင်းပန်ပါတယ်။ ကျွန်တော်ဟာ ရှေ့တော်မှာ စိတ်နှလုံးအကြွင်းမဲ့ သစ္စာရှိရှိ လျှောက်လှမ်းခဲ့တာ၊ ကောင်းတာတွေပဲ လုပ်ဆောင်ခဲ့တာကို သတိရပေးပါ”+ လို့ အသနားခံပြီး ရှိုက်ကြီးတငင် ငိုတယ်။ 
 
-