- 
	                        
            
            ၂ ဘုရင်များ ၂၀:၄-၆သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
- 
                            - 
                                        ၄ နန်းတော်ရဲ့ အလယ်ရင်ပြင်ကို ဟေရှာယ မဖြတ်ကျော်ခင်မှာပဲ ယေဟောဝါက သူ့ကို၊+ ၅ “ငါ့လူမျိုးရဲ့ခေါင်းဆောင် ဟေဇကိဆီ ပြန်သွားပြီး ပြောလိုက်ပါ။ ‘ဘိုးဘေးဒါဝိဒ်ရဲ့ဘုရား ယေဟောဝါပြောတာက– “မင်းရဲ့ဆုတောင်းသံကို ငါကြားတယ်။ မင်းရဲ့မျက်ရည်ကိုလည်း ငါမြင်တယ်။+ အခု မင်းရဲ့ရောဂါပျောက်ကင်းအောင် လုပ်ပေးမယ်။+ သုံးရက်ကြာရင် ယေဟောဝါရဲ့အိမ်တော်ကို မင်း တက်သွားရလိမ့်မယ်။+ ၆ မင်းရဲ့သက်တမ်းကို နောက်ထပ် ၁၅ နှစ် ငါတိုးပေးမယ်။ မင်းနဲ့ဒီမြို့ကို အဆီးရီးယားဘုရင်ရဲ့ လက်ထဲကနေ ကယ်တင်မယ်။+ ငါ့နာမည်အတွက်၊ ငါ့ကျွန်ဒါဝိဒ်အတွက် ဒီမြို့ကို ကာကွယ်ပေးမယ်”’”+ လို့ပြောတယ်။ 
 
-