-
ဟောရှေ ၁၁:၈၊ ၉သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၈ အို ဧဖရိမ်၊ မင်းကို ငါစွန့်လွှတ်ရက်ပါ့မလား။+
အို အစ္စရေး၊ မင်းကို ရန်သူ့လက်ထဲ အပ်ရက်ပါ့မလား။
မင်းကို အာဒမာမြို့လို ဖြစ်သွားအောင် လုပ်ရက်ပါ့မလား။
ဇေဘိုင်မြို့ကို လုပ်ခဲ့သလို လုပ်ရက်ပါ့မလား။+
ငါ့စိတ် ပြောင်းသွားပြီ။
သနားစာနာစိတ်တွေ တဖွားဖွားပေါ်နေပြီ။+
၉ ဒေါသကို ငါ မဖွင့်ချတော့ဘူး။
ဧဖရိမ်ကို နောက်ထပ် မဖျက်ဆီးတော့ဘူး။+
ငါဟာ လူမှမဟုတ်တာ၊ ဘုရားသခင်ပဲ။
မင်းနဲ့အတူရှိနေတဲ့ သန့်ရှင်းတဲ့အရှင်ပဲ။
မင်းဆီကို အမျက်ဒေါသနဲ့ ငါလာမှာမဟုတ်ဘူး။
-