ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ လက်သင်္ကေတပြဘာသာစကား
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • ဟေရှာယ ၂:၂၊ ၃
    သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
    •  ၂ အဆုံးပိုင်းကာလမှာ

      ယေဟောဝါရဲ့အိမ်တော် တည်တဲ့တောင်ဟာ

      တောင်တန်းတကာရဲ့ထိပ်မှာ အခိုင်အမာ တည်နေမယ်။+

      တောင်ကုန်းတွေရဲ့ အထက်မှာ ချီးမြှောက်ခံရမယ်။

      အဲဒီတောင်ပေါ်ကို လူမျိုးအားလုံး တဖွဲဖွဲတက်သွားကြမယ်။+

       ၃ လူများစွာက တောင်ပေါ်တက်သွားရင်းနဲ့

      “လာကြ။ ယေဟောဝါဘုရားရဲ့ တောင်ပေါ်၊

      ယာကုပ်ရဲ့ ဘုရားသခင့်အိမ်တော်ကို တက်သွားကြစို့။+

      ဘုရားက ငါတို့ကို နည်းလမ်းတော်တွေ သွန်သင်ပေးမယ်။

      ဘုရားရဲ့လမ်းစဉ်အတိုင်း ငါတို့ လျှောက်လှမ်းကြမယ်”+ လို့ ပြောကြလိမ့်မယ်။

      ပညတ်တော်က ဇိအုန်ကနေ၊

      ယေဟောဝါရဲ့ နှုတ်ထွက်စကားက ဂျေရုဆလင်မြို့ကနေ ပေါ်ထွက်လာမယ်။+

  • ဟေရှာယ ၅၆:၆၊ ၇
    သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
    •  ၆ ငါယေဟောဝါကို ကိုးကွယ်ပြီး ငါ့အတွက် အမှုဆောင်တဲ့ တိုင်းတစ်ပါးသားတွေဟာ

      ယေဟောဝါရဲ့ နာမည်ကို ချစ်မြတ်နိုးသူတွေ၊+

      ဥပုသ်နေ့ကို မညစ်ညူးစေဘဲ စောင့်ထိန်းသူတွေ၊

      ငါ့ပဋိညာဉ်ကို စောင့်ထိန်းသူတွေပဲ။

       ၇ သူတို့ကိုလည်း ငါ့ရဲ့ သန့်ရှင်းတဲ့တောင်ဆီ ခေါ်လာမယ်။+

      ဆုတောင်းရာ အိမ်တော်ထဲမှာ သူတို့ ဝမ်းမြောက်ရလိမ့်မယ်။

      ပူဇော်ရာပလ္လင်ပေါ် သူတို့ဆက်သတဲ့ အကုန်အစင် မီးရှို့ရာအလှူတွေ၊ ပူဇော်သက္ကာတွေကို ငါလက်ခံမယ်။

      ငါ့အိမ်ကို လူမျိုးအားလုံး ဆုတောင်းရာအိမ်လို့ ခေါ်ကြလိမ့်မယ်။”+

  • ဟေရှာယ ၆၀:၃
    သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
    •  ၃ လူမျိုးတွေက မင်းရဲ့အလင်းဆီ ရောက်လာမယ်။+

      ဘုရင်တွေက+ မင်းရဲ့တောက်ပတဲ့ အလင်းဆီ လာကြမယ်။+

  • မိက္ခာ ၄:၁၊ ၂
    သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
    • ၄ အဆုံးပိုင်းကာလမှာ

      ယေဟောဝါရဲ့အိမ်တော်တည်တဲ့တောင်ဟာ+

      တောင်တန်းတကာရဲ့ထိပ်မှာ အခိုင်အမာ တည်နေမယ်။

      တောင်ကုန်းတွေရဲ့အထက်မှာ ချီးမြှောက်ခံရမယ်။

      အဲဒီတောင်ပေါ်ကို လူတွေ တဖွဲဖွဲတက်သွားကြမယ်။+

       ၂ လူမျိုးများစွာက တောင်ပေါ်တက်သွားရင်းနဲ့

      “လာကြ။ ယေဟောဝါဘုရားရဲ့ တောင်ပေါ်ကို၊

      ယာကုပ်ရဲ့ ဘုရားသခင့်အိမ်တော်ကို တက်သွားကြစို့။+

      ဘုရားက ငါတို့ကို နည်းလမ်းတော်တွေ သွန်သင်ပေးမယ်။

      ဘုရားရဲ့လမ်းစဉ်တွေအတိုင်း ငါတို့ လျှောက်လှမ်းကြမယ်” လို့ပြောကြလိမ့်မယ်။

      ပညတ်တော်က ဇိအုန်ကနေ၊

      ယေဟောဝါရဲ့ နှုတ်ထွက်စကားက ဂျေရုဆလင်ကနေ ပေါ်ထွက်လာမယ်။

  • ဇာခရိ ၂:၁၁
    သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
    • ၁၁ အဲဒီနေ့ကျရင် လူမျိုးများစွာက ယေဟောဝါနဲ့ ပူးပေါင်းပြီး+ ငါ့လူတွေဖြစ်လာမယ်။ မင်းဆီမှာ ငါစံမြန်းမယ်” လို့ပြောတယ်။ ကျုပ်ကို ဗိုလ်ခြေတို့ရဲ့အရှင် ယေဟောဝါ စေလွှတ်လိုက်မှန်း ခင်ဗျားသိရလိမ့်မယ်။

  • ဇာခရိ ၈:၂၂၊ ၂၃
    သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
    • ၂၂ လူအမြောက်အမြားက၊ အားကြီးတဲ့လူမျိုးတွေက ဗိုလ်ခြေတို့ရဲ့အရှင် ယေဟောဝါကိုရှာဖို့၊ ယေဟောဝါရဲ့ မျက်နှာသာကို တောင်းခံဖို့ ဂျေရုဆလင်ကို လာကြလိမ့်မယ်။’+

      ၂၃ “‘အဲဒီအချိန်ရောက်တဲ့အခါ ဘာသာစကား အမျိုးမျိုးပြောတဲ့ လူမျိုးတွေထဲက လူဆယ်ယောက်ဟာ+ ဂျူးလူမျိုးတစ်ယောက်ရဲ့ ဝတ်ရုံကို မြဲမြဲကိုင်ပြီး “ခင်ဗျားတို့နဲ့အတူ ဘုရားသခင်ရှိတယ်လို့+ ကြားတဲ့အတွက် ကျွန်တော်တို့လည်း လိုက်ချင်ပါတယ်”+ လို့ပြောကြလိမ့်မယ်။’ ဒါဟာ ဗိုလ်ခြေတို့ရဲ့အရှင် ယေဟောဝါ ပြောတဲ့ စကားပဲ။”

မြန်မာ စာစောင်များ (၂၀၁၁-၂၀၂၅)
ထွက်ပါ
ဝင်ပါ
  • မြန်မာ လက်သင်္ကေတပြဘာသာစကား
  • ဝေမျှပါ
  • နှစ်သက်ရာ ရွေးချယ်ပါ
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • လိုက်နာရန် စည်းကမ်းများ
  • ကိုယ်ရေးလုံခြုံမှု မူဝါဒ
  • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
  • JW.ORG
  • ဝင်ပါ
ဝေမျှပါ