-
ဝတ်ပြုရာ ၂၅:၃၉-၄၂သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၃၉ “‘အိမ်နီးချင်း အစ္စရေးလူတစ်ယောက် ဆင်းရဲသွားလို့ သူ့ကိုယ်သူ လာရောင်းရင်+ ကျွန်လို မခိုင်းနဲ့။+ ၄၀ သူ့ကို စာရင်းငှားတစ်ယောက်လို၊+ လာရောက်အခြေချသူလို ဆက်ဆံပါ။ လွတ်လပ်ခွင့်ရတဲ့နှစ်အထိ သူအလုပ်လုပ်ပေးလိမ့်မယ်။ ၄၁ ပြီးရင်တော့ သူနဲ့သူ့သားသမီးတွေက ထွက်သွားပြီး ဆွေမျိုးတွေဆီ ပြန်ရမယ်။ ဘိုးဘေးတွေပိုင်တဲ့မြေကို ပြန်သွားရမယ်။+ ၄၂ အစ္စရေးလူမျိုးဟာ အီဂျစ်ပြည်ကနေ ငါခေါ်ထုတ်လာတဲ့ ငါ့ကျွန်တွေဖြစ်တဲ့အတွက်+ ကိုယ့်ကိုယ်ကိုယ် ကျွန်အဖြစ် မရောင်းရဘူး။
-
-
တရားဟောရာ ၁၅:၁၂သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၁၂ “ကိုယ့်လူမျိုးချင်း ဟီဘရူးယောက်ျား ဒါမှမဟုတ် မိန်းမတစ်ယောက်ကို ဝယ်ထားတယ်ဆိုရင် သူ ခြောက်နှစ် ကျွန်ခံပြီးနောက် ခုနစ်နှစ်မြောက်မှာ လွှတ်ပေးရမယ်။+
-