- 
	                        
            
            ယေရမိ ၁၄:၁၃သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
- 
                            - 
                                        ၁၃ အဲဒီအခါ ကျွန်တော်က “အချုပ်အခြာအာဏာပိုင်ရှင် ယေဟောဝါ၊ ပရောဖက်တွေက ‘ဓားဘေးကို မင်းတို့ မြင်ရမှာမဟုတ်ဘူး။ အငတ်ဘေး ကြုံရမှာလည်း မဟုတ်ဘူး။ ဘုရားက ဒီနေရာမှာ စစ်မှန်တဲ့ငြိမ်သက်ခြင်း ပေးမယ်’ လို့ ဟောနေပါတယ်” ဆိုပြီး ပြောလိုက်တယ်။+ 
 
- 
                                        
- 
	                        
            
            ယေရမိ ၂၃:၁၆၊ ၁၇သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
- 
                            - 
                                        ၁၆ ဗိုလ်ခြေတို့ရဲ့အရှင် ယေဟောဝါ ပြောတာက “ပရောဖက်တွေ ဟောနေတာကို နားမထောင်ကြနဲ့။+ သူတို့က မင်းတို့ကို လှည့်စားနေတာ။ သူတို့ဟောတဲ့ စိတ်အာရုံဟာ ယေဟောဝါရဲ့ နှုတ်ထွက်စကား မဟုတ်ဘူး။+ စိတ်ထဲပေါ်လာတာတွေပဲ ဟောနေကြတာ။+ ၁၇ သူတို့က ငါ့ကို မခန့်လေးစားလုပ်သူတွေကို ‘ယေဟောဝါ ပြောတယ်– “ခင်ဗျားတို့ ငြိမ်သက်ခြင်း ခံစားရမယ်”’+ ဆိုပြီး အထပ်ထပ် ပြောနေတယ်။ ဇွတ်တရွတ်နိုင်တဲ့ စိတ်အလိုနောက် လိုက်သူတွေကိုလည်း ‘ခင်ဗျားတို့ ဘာဘေးဆိုးမှ ကြုံရမှာမဟုတ်ဘူး’ လို့ပြောနေတယ်။+ 
 
- 
                                        
- 
	                        
            
            ယေရမိ ၂၈:၁၊ ၂သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
- 
                            - 
                                        ၂၈ ယုဒဘုရင်ဇေဒကိ+ နန်းစံအစောပိုင်း စတုတ္ထနှစ်၊ ငါးလပိုင်းဖြစ်တဲ့ အဲဒီနှစ်မှာပဲ ဂိဗောင်မြို့က+ အာဇုရရဲ့သား ပရောဖက်ဟာနနိက ယေဟောဝါရဲ့အိမ်တော်မှာ၊ ပုရောဟိတ်တွေနဲ့ လူအားလုံးရှေ့မှာ ကျွန်တော့်ကို ပြောတယ်– ၂ “အစ္စရေးတို့ရဲ့ဘုရား၊ ဗိုလ်ခြေတို့ရဲ့အရှင် ယေဟောဝါ ပြောတာက– ‘ဗာဗုလုန်ဘုရင်ရဲ့ ထမ်းပိုးကို ငါချိုးမယ်။+ 
 
-