၁၂ ဒါကြောင့် ယေဟောဝါပြောတာက “အခုပဲ ငါ့ဆီကို စိတ်ရောကိုယ်ပါ ပြန်လာကြ။+
အစာရှောင်ပြီး+ ငိုကြွေးမြည်တမ်းကြ။
၁၃ အဝတ်ကိုမဟုတ်ဘဲ+ စိတ်နှလုံးကို ဆွဲဆုတ်ပြီး+ မင်းတို့ရဲ့ဘုရား ယေဟောဝါဆီ ပြန်လာကြ။
ငါဟာ သနားစာနာတတ်ပြီး ကရုဏာရှိတဲ့ဘုရား၊
အမျက်ထွက်နှေးပြီး+ ခိုင်မြဲတဲ့မေတ္တာ ကြီးမားတဲ့ဘုရားဖြစ်တယ်။+
ငါ့လူတွေအပေါ် ကျရောက်စေမယ့် ဘေးဆိုးနဲ့ပတ်သက်ပြီး ပြန်စဉ်းစားသုံးသပ်မယ်။