-
၂ ဘုရင်များ ၂၅:၄-၇သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၄ မြို့ရိုးလည်း ထိုးဖောက်ခံလိုက်ရတယ်။+ ခါလဒဲလူတွေ မြို့ကိုဝိုင်းထားတုန်း ဇေဒကိနဲ့ စစ်သည်တွေက ညဘက်မှာ ဘုရင့်ဥယျာဉ်နားမှာရှိတဲ့ မြို့ရိုးနှစ်ခုကြား တံခါးကနေ ထွက်ပြီး အရာဗာချိုင့်ဝှမ်းလမ်းအတိုင်း ထွက်ပြေးကြတယ်။+ ၅ ဒါပေမဲ့ ခါလဒဲတပ်က လိုက်ဖမ်းတဲ့အတွက် ယေရိခေါကန္တာရလွင်ပြင်မှာ ဇေဒကိကို ဖမ်းမိသွားတယ်။ သူ့ရဲ့စစ်သည်တွေလည်း ကစဉ့်ကလျား ထွက်ပြေးကုန်တယ်။ ၆ အဲဒီနောက် ဇေဒကိကို ရိဗလမြို့မှာရှိတဲ့ ဗာဗုလုန်ဘုရင်ဆီ ဖမ်းခေါ်လာပြီး+ စီရင်ချက်ချကြတယ်။ ၇ ဇေဒကိရှေ့မှာပဲ သူ့သားတွေကို ကွပ်မျက်လိုက်တယ်။ နေဗုခဒ်နေဇာက ဇေဒကိရဲ့မျက်စိကို ဖောက်ပစ်ပြီးနောက် ကြေးနီခြေကျဉ်းခတ်ပြီး ဗာဗုလုန်ကို ခေါ်သွားတယ်။+
-
-
ယေရမိ ၅၂:၇-၁၁သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၇ နောက်ဆုံး၊ မြို့ရိုး ထိုးဖောက်ခံလိုက်ရတယ်။ ခါလဒဲလူတွေ မြို့ကိုဝိုင်းထားတုန်း စစ်သည်တွေက ညဘက်မှာ ဘုရင့်ဥယျာဉ်နားမှာရှိတဲ့ မြို့ရိုးနှစ်ခုကြား တံခါးကနေ ထွက်ပြီး အရာဗာချိုင့်ဝှမ်းလမ်းအတိုင်း ထွက်ပြေးကြတယ်။+ ၈ ဒါပေမဲ့ ခါလဒဲစစ်တပ် လိုက်ဖမ်းတဲ့အတွက် ယေရိခေါကန္တာရလွင်ပြင်မှာ ဇေဒကိကို ဖမ်းမိသွားတယ်။+ သူ့စစ်သည်တွေလည်း ကစဉ့်ကလျား ထွက်ပြေးကုန်တယ်။ ၉ အဲဒီနောက် ဇေဒကိကို ဟာမတ်နယ်မြေ၊ ရိဗလမြို့မှာရှိတဲ့ ဗာဗုလုန်ဘုရင်ဆီ ဖမ်းခေါ်လာတဲ့အခါ ဗာဗုလုန်ဘုရင်က စီရင်ချက်ချတယ်။ ၁၀ ဇေဒကိရှေ့မှာပဲ သူ့သားတွေကို ကွပ်မျက်လိုက်တယ်။ ယုဒမင်းညီမင်းသားတွေကိုလည်း ရိဗလမြို့မှာ ကွပ်မျက်တယ်။ ၁၁ ဗာဗုလုန်ဘုရင်က ဇေဒကိရဲ့မျက်စိကို ဖောက်ပြီးနောက်+ ကြေးနီခြေကျဉ်းခတ်ပြီး ဗာဗုလုန်ကို ခေါ်သွားတယ်။ သေတဲ့အထိ အကျဉ်းချထားလိုက်တယ်။
-