- 
	                        
            
            ၂ ရာဇဝင်ချုပ် ၃၆:၁၅၊ ၁၆သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
- 
                            - 
                                        ၁၅ ဘိုးဘေးတို့ရဲ့ဘုရား ယေဟောဝါဟာ မိမိနေထိုင်ရာအရပ်နဲ့ လူမျိုးတော်ကို သနားညှာတာတဲ့အတွက် တမန်တွေလွှတ်ပြီး သူတို့ကို အမြဲသတိပေးတယ်။ ထပ်တလဲလဲ သတိပေးတယ်။ ၁၆ ဒါပေမဲ့ သူတို့က စစ်မှန်တဲ့ဘုရားသခင် စေလွှတ်တဲ့ တမန်တွေကို လှောင်ပြောင်တယ်။+ ကိုယ်တော့်စကားကို မထီလေးစားလုပ်ပြီး+ ပရောဖက်တွေကို ကဲ့ရဲ့တယ်။+ နောက်ဆုံး သူတို့ကို ယေဟောဝါ အကြီးအကျယ် အမျက်ထွက်ရတဲ့အထိ၊+ သူတို့ နာလန်မထူနိုင်တော့တဲ့အထိ ဖြစ်သွားတယ်။ 
 
- 
                                        
- 
	                        
            
            ယေရမိ ၇:၂၄-၂၆သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
- 
                            - 
                                        ၂၄ ဒါပေမဲ့ သူတို့ နားမထောင်ဘူး။ နားမစွင့်ဘူး။+ ကိုယ့်အကြံအစည်တွေအတိုင်း လိုက်လျှောက်ကြတယ်။ ဆိုးညစ်တဲ့စိတ်အလိုနောက် ခေါင်းမာမာနဲ့ လိုက်ကြတယ်။+ ရှေ့မတိုးဘဲ နောက်ဆုတ်ကြတယ်။ ၂၅ အီဂျစ်ပြည်ကနေ ဘိုးဘေးတွေ ထွက်လာတဲ့နေ့ကစပြီး ဒီနေ့အထိ အဲဒီလိုလုပ်ခဲ့ကြတယ်။+ ဒါကြောင့် ငါ့ကျွန်ပရောဖက်တွေကို မင်းတို့ဆီ နေ့တိုင်း အကြိမ်ကြိမ် စေလွှတ်ခဲ့တယ်။+ ၂၆ ဒါပေမဲ့ ငါ့စကားကို သူတို့ နားမထောင်ဘူး၊ နားမစွင့်ဘူး။+ အဲဒီအစား ခေါင်းမာကြတယ်။* ဘိုးဘေးတွေထက်တောင် ဆိုးသေးတယ်။ 
 
- 
                                        
- 
	                        
            
            ယေရမိ ၃၅:၁၅သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
- 
                            - 
                                        ၁၅ ငါ့ကျွန်ပရောဖက်တွေကို အထပ်ထပ် လွှတ်ပြီး+ ‘မကောင်းတဲ့ လမ်းစဉ်ကနေ ပြန်လှည့်လာကြပါ။+ မှန်ရာကို လုပ်ဆောင်ကြပါ။ တခြားဘုရားတွေနောက်ကိုလိုက်ပြီး ဝတ်မပြုကြနဲ့။ ဒါဆိုရင် မင်းတို့ကိုရော ဘိုးဘေးတွေကိုပါ ငါပေးခဲ့တဲ့ပြည်မှာ မင်းတို့ ဆက်နေထိုင်ရလိမ့်မယ်’ လို့ သတိပေးခဲ့တယ်။+ ဒါပေမဲ့ မင်းတို့ နားမစွင့်ကြဘူး။ နားမထောင်ကြဘူး။ 
 
-