- 
	                        
            
            ယေရမိ ၄၂:၁၇၊ ၁၈သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
- 
                            - 
                                        ၁၇ အီဂျစ်ပြည်မှာ သွားနေဖို့ စိတ်ပိုင်းဖြတ်ထားသူတွေဟာ ဓားဘေး၊ အငတ်ဘေး၊ ကပ်ရောဂါဘေးနဲ့ သေဆုံးလိမ့်မယ်။ ငါကျရောက်စေမယ့် ဘေးဆိုးကနေ အသက်ရှင်လွတ်မြောက်သူ တစ်ယောက်မှ ရှိမှာမဟုတ်ဘူး။”’ ၁၈ “အစ္စရေးတို့ရဲ့ဘုရား၊ ဗိုလ်ခြေတို့ရဲ့အရှင် ယေဟောဝါ ပြောတယ်– ‘ဂျေရုဆလင်မြို့သူမြို့သားတွေအပေါ် ငါအမျက်ဒေါသ သွန်းလောင်းခဲ့တယ်။+ မင်းတို့ အီဂျစ်ပြည်ကို သွားမယ်ဆိုရင်လည်း မင်းတို့အပေါ် ငါအမျက်ဒေါသ သွန်းလောင်းမယ်။ မင်းတို့ဟာ ကျိန်ဆဲစရာ၊ ကြောက်စရာ၊ ကျိန်စာတိုက်စရာ၊ ကဲ့ရဲ့ရှုတ်ချစရာ ဖြစ်သွားမယ်။+ ဒီပြည်ကို ပြန်မြင်ရတော့မှာ မဟုတ်ဘူး။’ 
 
-