-
ဩဗဒိ ၂-၄သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၂ “ငါက မင်းကို လူမျိုးတွေအလယ်မှာ အရေးမပါသူ ဖြစ်စေပြီ။
မင်း အကြီးအကျယ် အထင်သေးခံရပြီ။+
၃ ကျောက်ဆောင်တွေမှာ ခိုအောင်းပြီး
မြင့်မားတဲ့နေရာမှာ နေထိုင်တဲ့သူ၊
‘ဘယ်သူက ငါ့ကို မြေပေါ်ဆွဲချနိုင်မှာလဲ’ လို့ တွေးနေတဲ့သူ၊
မင်းရဲ့မာနဟာ မင်းကို လှည့်စားနေပြီ။+
၄ လင်းယုန်လို အမြင့်မှာ နေရင်တောင်၊*
ကြယ်တွေကြားမှာ အသိုက်ဆောက်ရင်တောင်
အဲဒီကနေ မင်းကို ငါဆွဲချမယ်။” ဒါဟာ ယေဟောဝါပြောတဲ့ စကားပဲ။
-