- 
	                        
            
            ယေရမိ ၄၉:၁၉-၂၁သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
- 
                            - 
                                        ၁၉ “ဂျော်ဒန်မြစ်တစ်လျှောက် ချုံနွယ်ပိတ်ပေါင်းတွေထဲကနေ ခြင်္သေ့တစ်ကောင် တက်လာသလို ဧဒုံပြည်ရဲ့ လုံခြုံတဲ့စားကျက်တွေကို တိုက်ခိုက်ဖို့ လူတစ်ယောက် တက်လာမယ်။+ ဧဒုံပြည်သားတွေကို တစ်ခဏအတွင်းမှာ ဧဒုံပြည်ကနေ ငါထွက်ပြေးစေမယ်။ ရွေးချယ်ထားသူကို ဧဒုံပြည်အပေါ် ခန့်အပ်မယ်။ ငါ့ကို ဘယ်သူ ယှဉ်ရဲသလဲ။ ဘယ်သူ စိန်ခေါ် ရဲသလဲ။ ငါ့ရှေ့မှာ ဘယ်သိုးထိန်း ရပ်တည်နိုင်လို့လဲ။+ ၂၀ ဒါကြောင့် ဧဒုံကိုတိုက်မယ့် ယေဟောဝါရဲ့ ဆုံးဖြတ်ချက်၊ တေမန်ပြည်သားတွေကို တိုက်မယ့် ငါ့အကြံအစည်တွေကို နားထောင်ကြ–+ သိုးလေးတွေကို တရွတ်တိုက် ဆွဲသွားကြလိမ့်မယ်။ အဲဒီပြည်သားတွေကြောင့် သိုးလေးတွေရဲ့နားခိုရာကို လူသူကင်းမဲ့စေမယ်။+ ၂၁ သူတို့ရဲ့ပြိုလဲသံကြောင့် မြေကြီး တုန်ခါသွားမယ်။ အော်ဟစ်သံ ကြားနေရတယ်။ ပင်လယ်နီကနေတောင် ကြားနေရတယ်။+ 
 
-