-
တရားဟောရာ ၂၈:၅၂သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၅၂ တစ်ပြည်လုံးမှာရှိတဲ့ မြို့တွေကို ဝိုင်းရံပိတ်ဆို့ထားမှာဖြစ်လို့ ခင်ဗျားတို့ အားကိုးနေတဲ့၊ မြင့်မားခိုင်ခံ့တဲ့ မြို့ရိုးတွေ ပြိုလဲကုန်လိမ့်မယ်။ ယေဟောဝါဘုရားပေးတဲ့ ပြည်ထဲက မြို့အားလုံးကို သူတို့ ဝိုင်းထားမှာဖြစ်လို့၊+
-
-
ဟေရှာယ ၂၉:၃သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၃ မင်းရဲ့ပတ်လည်မှာ ငါတပ်ချမယ်။
တုတ်ချွန်တံတိုင်းနဲ့ ဝိုင်းထားမယ်။
ထိုးစစ်တံတိုင်းတွေ တည်ဆောက်မယ်။+
-
-
ယေရမိ ၃၉:၁သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၃၉ ယုဒဘုရင်ဇေဒကိ နန်းစံကိုးနှစ်၊ ဆယ်လပိုင်းမှာ ဗာဗုလုန်ဘုရင် နေဗုခဒ်နေဇာက စစ်တပ်အလုံးအရင်းနဲ့ ချီတက်လာပြီး ဂျေရုဆလင်မြို့ကို ဝိုင်းထားတယ်။+
-
-
ယေဇကျေလ ၂၁:၂၁၊ ၂၂သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၂၁ ဗာဗုလုန်ဘုရင်က အဲဒီလမ်းဆုံမှာ ရပ်ပြီး မှော်ပညာနဲ့ တွက်ချက်လိမ့်မယ်။ မြားတွေကို လှုပ်ခါပြီး ရုပ်တုတွေကို* မေးမြန်းလိမ့်မယ်။ တိရစ္ဆာန်အသည်းကို ကြည့်လိမ့်မယ်။ ၂၂ သူ့ညာလက်မှာပေါ်လာတဲ့ မှော်ပညာက ဂျေရုဆလင်မြို့ဘက် သွားဖို့ ညွှန်ပြတယ်။ ခံတပ်ဖြိုစက်တွေ တပ်ဆင်ဖို့၊ သတ်မိန့်ပေးဖို့၊ စစ်ငြာသံပေးဖို့၊ မြို့တံခါးဖြိုမယ့် ခံတပ်ဖြိုစက်တွေ တပ်ဆင်ဖို့၊ ထိုးစစ်ကုန်းရိုးတွေ၊ ထိုးစစ်တံတိုင်းတွေ တည်ဆောက်ဖို့ပဲ။+
-