ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ လက်သင်္ကေတပြဘာသာစကား
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • တရားဟောရာ ၂၈:၅၃-၅၇
    သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
    • ၅၃ ကိုယ့်ရင်သွေးကို ပြန်စားရမယ်။ ရန်သူတွေ ဝိုင်းရံပိတ်ဆို့ထားတဲ့အတွက် အကြီးအကျယ် ဒုက္ခရောက်ပြီး ယေဟောဝါဘုရား ပေးသနားတဲ့ သားသမီးတွေရဲ့ အသားကိုတောင် ပြန်စားရမယ်။+

      ၅၄ “နူးညံ့ပြီး စာနာတတ်တဲ့ ယောက်ျားတောင်မှ ကိုယ့်ညီအစ်ကို၊ မြတ်နိုးရတဲ့ဇနီး၊ ကျန်နေသေးတဲ့ ကိုယ့်ရင်သွေးတွေကို သနားမှာ မဟုတ်ဘူး။ ၅၅ မြို့တွေကို ရန်သူတွေ ဝိုင်းရံပိတ်ဆို့ထားပြီး အကြီးအကျယ် ဒုက္ခရောက်တဲ့အခါ စားစရာမရှိတော့တဲ့အတွက် အဲဒီယောက်ျားက ကိုယ့်ရင်သွေးရဲ့ အသားကို စားလိမ့်မယ်။ သူများကို ဝေမျှပေးမှာ မဟုတ်ဘူး။+ ၅၆ နူးညံ့သိမ်မွေ့လွန်းလို့ မြေပေါ် ခြေမချဝံ့တဲ့ မိန်းမက+ မြတ်နိုးရတဲ့ လင်ယောက်ျားနဲ့ သားသမီးတွေကို သနားမှာ မဟုတ်ဘူး။ ၅၇ မြို့တွေကို ရန်သူတွေ ဝိုင်းရံပိတ်ဆို့ထားပြီး အကြီးအကျယ် ဒုက္ခရောက်တဲ့အတွက် အဲဒီမိန်းမက ကိုယ်မွေးထုတ်လိုက်တဲ့ ရင်သွေးနဲ့ အချင်းကိုတောင် ဝှက်ပြီးစားလိမ့်မယ်။

  • ၂ ဘုရင်များ ၂၅:၃-၇
    သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
    • ၃ လေးလပိုင်း၊ ကိုးရက်နေ့ရောက်တော့ မြို့ထဲမှာ အကြီးအကျယ် အငတ်ဘေး ဆိုက်တဲ့အတွက်+ မြို့သားတွေ စားစရာ မရှိတော့ဘူး။+ ၄ မြို့ရိုးလည်း  ထိုးဖောက်ခံလိုက်ရတယ်။+ ခါလဒဲလူတွေ မြို့ကိုဝိုင်းထားတုန်း  ဇေဒကိနဲ့  စစ်သည်တွေက ညဘက်မှာ ဘုရင့်ဥယျာဉ်နားမှာရှိတဲ့ မြို့ရိုးနှစ်ခုကြား တံခါးကနေ ထွက်ပြီး အရာဗာချိုင့်ဝှမ်းလမ်းအတိုင်း ထွက်ပြေးကြတယ်။+ ၅ ဒါပေမဲ့ ခါလဒဲတပ်က လိုက်ဖမ်းတဲ့အတွက် ယေရိခေါကန္တာရလွင်ပြင်မှာ ဇေဒကိကို ဖမ်းမိသွားတယ်။ သူ့ရဲ့စစ်သည်တွေလည်း ကစဉ့်ကလျား  ထွက်ပြေးကုန်တယ်။ ၆ အဲဒီနောက် ဇေဒကိကို ရိဗလမြို့မှာရှိတဲ့ ဗာဗုလုန်ဘုရင်ဆီ ဖမ်းခေါ်လာပြီး+ စီရင်ချက်ချကြတယ်။ ၇ ဇေဒကိရှေ့မှာပဲ သူ့သားတွေကို ကွပ်မျက်လိုက်တယ်။ နေဗုခဒ်နေဇာက ဇေဒကိရဲ့မျက်စိကို ဖောက်ပစ်ပြီးနောက် ကြေးနီခြေကျဉ်းခတ်ပြီး ဗာဗုလုန်ကို ခေါ်သွားတယ်။+

  • ဟေရှာယ ၃:၁
    သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
    • ၃ ကြည့်ပါ။ စစ်မှန်တဲ့သခင်၊ ဗိုလ်ခြေတို့ရဲ့အရှင် ယေဟောဝါက

      အစာရေစာ၊ ရိက္ခာအထောက်အပံ့ ရှိသမျှကို

      ဂျေရုဆလင်မြို့နဲ့ ယုဒပြည်ကနေ ဖယ်ရှားတယ်။+

  • ယေဇကျေလ ၄:၁၆
    သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
    • ၁၆ ဘုရားသခင် ဆက်ပြောတာက “လူသား၊ အခု ဂျေရုဆလင်မြို့မှာ စားနပ်ရိက္ခာကို* ငါဖြတ်တောက်မယ်။+ သူတို့ဟာ အစာကို စိုးရိမ်တကြီးနဲ့ ခွဲတမ်းချပြီး စားရလိမ့်မယ်။+ ရေကို ကြောက်ကြောက်နဲ့ ခွဲတမ်းချပြီး သောက်ရလိမ့်မယ်။+

မြန်မာ စာစောင်များ (၂၀၁၁-၂၀၂၅)
ထွက်ပါ
ဝင်ပါ
  • မြန်မာ လက်သင်္ကေတပြဘာသာစကား
  • ဝေမျှပါ
  • နှစ်သက်ရာ ရွေးချယ်ပါ
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • လိုက်နာရန် စည်းကမ်းများ
  • ကိုယ်ရေးလုံခြုံမှု မူဝါဒ
  • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
  • JW.ORG
  • ဝင်ပါ
ဝေမျှပါ