- 
	                        
            
            ၂ ဘုရင်များ ၂၅:၈-၁၀သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
- 
                            - 
                                        ၈ ဗာဗုလုန်ဘုရင် နေဗုခဒ်နေဇာနန်းစံ ၁၉ နှစ်၊ ငါးလပိုင်း၊ ခုနစ်ရက်နေ့မှာ ဗာဗုလုန်ဘုရင်ရဲ့ မင်းမှုထမ်းဖြစ်တဲ့ ကိုယ်ရံတော်တပ်မှူး နေဗုဇာရဒန်က+ ဂျေရုဆလင်မြို့ကို ရောက်လာတယ်။+ ၉ ယေဟောဝါရဲ့အိမ်တော်၊+ နန်းတော်နဲ့+ ဂျေရုဆလင်မြို့က အိမ်တွေအပြင်+ မြို့မျက်နှာဖုံးတွေရဲ့ အိမ်တွေကိုလည်း မီးရှို့ပစ်တယ်။+ ၁၀ ကိုယ်ရံတော်တပ်မှူး ကွပ်ကဲတဲ့ ခါလဒဲတပ်မကြီး တစ်ခုလုံးက ဂျေရုဆလင်မြို့ရိုးကို ဖြိုချပစ်တယ်။+ 
 
-