ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ လက်သင်္ကေတပြဘာသာစကား
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • ၁ ဘုရင်များ ၉:၈
    သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
    • ၈ ဒီအိမ်တော်ဟာလည်း အပျက်အယွင်းပုံကြီး ဖြစ်သွားမယ်။+ လမ်းသွားလမ်းလာတွေက အံ့သြတကြီးကြည့်ပြီး လှောင်ပြောင်ကြမယ်။* ‘ယေဟောဝါက ဒီပြည်နဲ့ ဒီအိမ်တော်ကို ဘာကြောင့် ဒီလိုလုပ်လိုက်တာပါလိမ့်’ လို့ပြောကြလိမ့်မယ်။+

  • ၂ ရာဇဝင်ချုပ် ၃၆:၁၇
    သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
    • ၁၇ ဒါနဲ့ ဘုရားသခင်က ခါလဒဲဘုရင်ကို စေလွှတ်ပြီး သူတို့ကို တိုက်ခိုက်စေတယ်။+ ခါလဒဲဘုရင်က သူတို့ရဲ့ သန့်ရှင်းရာဌာနတော်မှာ+ လူငယ်တွေကို ဓားနဲ့ကွပ်မျက်တယ်။+ လူပျို၊ အပျို၊ လူအို၊ အိုမင်းမစွမ်းသူကိုလည်း မသနားဘူး။+ ဘုရားသခင်က ရှိရှိသမျှကို ခါလဒဲဘုရင်လက်ထဲ အပ်လိုက်တယ်။+

  • ၂ ရာဇဝင်ချုပ် ၃၆:၁၉
    သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
    • ၁၉ ဘုရားသခင့်အိမ်တော်ကို မီးရှို့ပြီး+ ဂျေရုဆလင်မြို့ရိုးကို ဖြိုချတယ်။+ ခံတပ်မျှော်စင်တွေကိုလည်း မီးရှို့ပြီး တန်ဖိုးကြီးပစ္စည်းတွေကို ဖျက်ဆီးတယ်။+

  • ဆာလံ ၇၄:၈
    သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
    •  ၈ သူတို့ရော၊ သူတို့သားမြေးတွေရော

      “ဒီပြည်မှာရှိတဲ့ ဘုရားသခင်ရဲ့ တွေ့ဆုံရာနေရာတွေကို မီးရှို့ပစ်မယ်” ဆိုပြီး တွေးနေကြတယ်။

  • ဆာလံ ၇၉:၁
    သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
    • ၇၉ အို ဘုရားသခင်၊ ကိုယ်တော်ရဲ့ အမွေမြေကို လူမျိုးခြားတွေ ကျူးကျော်နေပြီ။+

      သန့်ရှင်းတဲ့ ဗိမာန်တော်ကို ညစ်ညူးစေပြီ။+

      ဂျေရုဆလင်မြို့ကို အပျက်အယွင်းပုံကြီး ဖြစ်စေပြီ။+

  • ယေရမိ ၂၆:၁၈
    သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
    • ၁၈ “မောရရှမြို့သား မိက္ခာက+ ယုဒဘုရင် ဟေဇကိလက်ထက်မှာ+ ပရောဖက်ပြုပြီး

      ‘“ဇိအုန်ဟာ လယ်လို ထွန်ယက်ခံရလိမ့်မယ်။

      ဂျေရုဆလင်ဟာ အပျက်အယွင်းပုံ ဖြစ်သွားမယ်။+

      အိမ်တော်တည်တဲ့တောင်ဟာ တောထူတဲ့တောင်လို ဖြစ်သွားမယ်”+ လို့ ဗိုလ်ခြေတို့ရဲ့အရှင် ယေဟောဝါ ပြောတယ်’ ဆိုပြီး ယုဒလူတွေကို ပြောခဲ့တယ်။

  • မြည်တမ်းစကား ၂:၇
    သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
    •  ၇ ယေဟောဝါဟာ ပူဇော်ရာပလ္လင်ကို စွန့်ပယ်လိုက်ပြီ။

      သန့်ရှင်းရာဌာနတော်ကို ပစ်ပယ်လိုက်ပြီ။+

      ခံတပ်မျှော်စင်တွေကို ရန်သူလက်ထဲ အပ်လိုက်ပြီ။+

      ပွဲတော်နေ့မှာ ကြွေးကြော်သလို ယေဟောဝါရဲ့ အိမ်တော်မှာ ရန်သူတွေ ကြွေးကြော်နေကြပြီ။+

  • ယေဇကျေလ ၂၄:၂၁
    သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
    • ၂၁ ‘အစ္စရေးအမျိုးကို ပြောလိုက်ပါ– “အချုပ်အခြာအာဏာပိုင်ရှင် ယေဟောဝါ ပြောတာက– ‘မင်းတို့ ဂုဏ်ယူဝင့်ကြွားရတဲ့၊ မြတ်နိုးရတဲ့၊ အသည်းစွဲဖြစ်တဲ့ သန့်ရှင်းရာဌာနတော်ကို ငါညစ်ညူးစေမယ်။+ မင်းတို့ချန်ခဲ့တဲ့ သားသမီးတွေ ဓားဘေးနဲ့ သေဆုံးလိမ့်မယ်။+

မြန်မာ စာစောင်များ (၂၀၁၁-၂၀၂၅)
ထွက်ပါ
ဝင်ပါ
  • မြန်မာ လက်သင်္ကေတပြဘာသာစကား
  • ဝေမျှပါ
  • နှစ်သက်ရာ ရွေးချယ်ပါ
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • လိုက်နာရန် စည်းကမ်းများ
  • ကိုယ်ရေးလုံခြုံမှု မူဝါဒ
  • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
  • JW.ORG
  • ဝင်ပါ
ဝေမျှပါ