ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ လက်သင်္ကေတပြဘာသာစကား
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • ၁ ဘုရင်များ ၇:၁၅-၂၀
    သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
    • ၁၅ သူက အမြင့် ၁၈ တောင်စီရှိတဲ့ ကြေးနီတိုင်နှစ်တိုင်ကို+ သွန်းလုပ်တယ်။ တိုင်လုံးပတ်ကို တိုင်းရင် ၁၂ တောင်ရှိတယ်။+ ၁၆ တိုင်ထိပ်ပေါ်မှာတင်ဖို့ ထိပ်ဖူးနှစ်ခုကို ကြေးနီနဲ့သွန်းလုပ်တယ်။ ထိပ်ဖူးနှစ်ခုစလုံး ငါးတောင်စီ မြင့်တယ်။ ၁၇ အဲဒီထိပ်ဖူးတွေမှာ ကျစ်ကြိုးတွေနဲ့ လုပ်ထားတဲ့ ကွန်ရက်တွေကို တပ်လိုက်တယ်။+ ထိပ်ဖူးနှစ်ခုစလုံးမှာ ကွန်ရက်ခုနစ်ခုစီ ရှိတယ်။ ၁၈ အဲဒီထိပ်ဖူးတွေကို အလှဆင်ဖို့ ကွန်ရက်တစ်ခုစီရဲ့ ပတ်လည်မှာ သလဲသီးနှစ်တန်း လုပ်တယ်။ ထိပ်ဖူးနှစ်ခုစလုံးကို အဲဒီလိုပဲ လုပ်တယ်။ ၁၉ မုခ်ဦးနဲ့ကပ်လျက်မှာရှိတဲ့  တိုင်တွေရဲ့ ထိပ်ဖူးမှာ နှင်းပန်းပုံရှိတဲ့အပိုင်းဟာ လေးတောင်မြင့်တယ်။ ၂၀ အဲဒီအပိုင်းက တိုင်နှစ်တိုင်ပေါ်မှာ၊ ကွန်ရက်တပ်ထားတဲ့အပိုင်းရဲ့ အပေါ်နားလေးမှာ ရှိတယ်။ ထိပ်ဖူးတစ်ခုစီရဲ့ ပတ်လည်မှာ သလဲသီးအလုံး ၂၀၀ ကို အတန်းလိုက် တပ်တယ်။+

မြန်မာ စာစောင်များ (၂၀၁၁-၂၀၂၅)
ထွက်ပါ
ဝင်ပါ
  • မြန်မာ လက်သင်္ကေတပြဘာသာစကား
  • ဝေမျှပါ
  • နှစ်သက်ရာ ရွေးချယ်ပါ
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • လိုက်နာရန် စည်းကမ်းများ
  • ကိုယ်ရေးလုံခြုံမှု မူဝါဒ
  • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
  • JW.ORG
  • ဝင်ပါ
ဝေမျှပါ