- 
	                        
            
            ယောရှု ၂၃:၆၊ ၇သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
- 
                            - 
                                        ၆ “ဒီတော့ မောရှေရဲ့ ပညတ်ကျမ်းမှာ+ ရေးထားသမျှအတိုင်း လိုက်နာကျင့်ကြံဖို့ ခင်ဗျားတို့ သတ္တိရှိရမယ်။ ဘယ်ညာ မလွဲသွားပါနဲ့။+ ၇ ကျန်နေသေးတဲ့ လူမျိုးတွေနဲ့ ဘယ်တော့မှ ရောရောနှောနှော မနေပါနဲ့။+ သူတို့ဘုရားတွေရဲ့ နာမည်ကို မတမိစေနဲ့။+ သူတို့ရဲ့ဘုရားတွေကို တိုင်တည်ပြီး သစ္စာမဆိုနဲ့။ သူတို့ဘုရားတွေကို လုံးဝ ဦးမချ၊ ဝတ်မပြုပါနဲ့။+ 
 
- 
                                        
- 
	                        
            
            ယေရမိ ၂:၁၁သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
- 
                            - 
                                        ၁၁ ကိုယ့်ရဲ့ဘုရားကို ဘုရားမဟုတ်တဲ့အရာနဲ့ အစားထိုးတဲ့လူမျိုး ရှိသလား။ ငါ့လူတွေကတော့ ငါ့ဘုန်းအသရေကို အသုံးမဝင်တဲ့အရာနဲ့ အစားထိုးလိုက်ပြီ။+ 
 
- 
                                        
- 
	                        
            
            ယေရမိ ၁၂:၁၆သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
- 
                            - 
                                        ၁၆ “အဲဒီလူမျိုးတွေက ဗာလကို တိုင်တည်ကျိန်ဆိုဖို့ ငါ့လူတွေကို သင်ပေးခဲ့တယ်။ အခု သူတို့က ‘အသက်ရှင်နေတဲ့ ယေဟောဝါကို တိုင်တည်ကျိန်ဆိုတယ်’ ဆိုပြီး ငါ့နာမည်နဲ့ ကျိန်ဆိုမယ်၊ ငါ့လူမျိုးရဲ့လမ်းစဉ်တွေကို ပြန်သင်ယူမယ်ဆိုရင် ငါ့လူတွေအလယ်မှာ တည်မြဲနေလိမ့်မယ်။ 
 
-