ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ လက်သင်္ကေတပြဘာသာစကား
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • ဝတ်ပြုရာ ၁၈:၂၅
    သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
    • ၂၅ ဒါကြောင့် သူတို့ရဲ့  တိုင်းပြည်ဟာ ညစ်ညူးနေပြီ။ သူတို့အပြစ်အတွက် ငါဒဏ်ခတ်မယ်။ သူတို့ဟာ  တိုင်းပြည်ကနေ နှင်ထုတ်ခံရမယ်။+

  • ဝတ်ပြုရာ ၂၆:၃၃
    သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
    • ၃၃ မင်းတို့ကို တိုင်းပြည်အရပ်ရပ်ဆီ တကွဲတပြား ဖြစ်စေမယ်။+ ဓားကိုထုတ်ပြီး မင်းတို့နောက်ကို လိုက်စေမယ်။+ ပြည်ဟာ လူသူကင်းမဲ့ပြီး+ မြို့တွေလည်း ပျက်စီးသွားမယ်။

  • တရားဟောရာ ၂၈:၃၆
    သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
    • ၃၆ ယေဟောဝါက ခင်ဗျားတို့နဲ့ ခင်ဗျားတို့တင်မြှောက်ထားတဲ့ ဘုရင်ကို ခင်ဗျားတို့ရော ဘိုးဘေးတွေပါမသိတဲ့ လူမျိုးဆီ နှင်ထုတ်မယ်။+ အဲဒီမှာ သစ်သားဘုရား၊ ကျောက်ဘုရားတွေကို ကိုးကွယ်ရမယ်။+

  • ဟေရှာယ ၂၄:၃
    သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
    •  ၃ ပြည်ဟာ ဟာလာဟင်းလင်း ဖြစ်သွားမယ်။

      ဘာမှမကျန်အောင် တိုက်ခိုက်လုယက်ခံရမယ်။+

      ဒါဟာ ယေဟောဝါရဲ့ အမိန့်ပဲ။

  • ယေရမိ ၂၅:၉
    သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
    • ၉ ငါက မြောက်အရပ်မှာရှိတဲ့ မျိုးနွယ်အားလုံး၊+ ငါ့ကျွန် ဗာဗုလုန်ဘုရင် နေဗုခဒ်နေဇာကို+ ဆင့်ခေါ်ပြီး ဒီပြည်ကိုရော၊+ ပြည်သူပြည်သားတွေနဲ့ ပတ်ဝန်းကျင် လူမျိုးတွေကိုရော လာတိုက်ခိုင်းမယ်။+ ငါက သူတို့ကို ဖျက်ဆီးပစ်မယ်၊ ထိတ်လန့်စရာ၊ လှောင်ပြောင်စရာ* ဖြစ်စေမယ်။ ထာဝရ ဆိတ်သုဉ်းစေမယ်” လို့ ယေဟောဝါ ပြောတယ်။

မြန်မာ စာစောင်များ (၂၀၁၁-၂၀၂၅)
ထွက်ပါ
ဝင်ပါ
  • မြန်မာ လက်သင်္ကေတပြဘာသာစကား
  • ဝေမျှပါ
  • နှစ်သက်ရာ ရွေးချယ်ပါ
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • လိုက်နာရန် စည်းကမ်းများ
  • ကိုယ်ရေးလုံခြုံမှု မူဝါဒ
  • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
  • JW.ORG
  • ဝင်ပါ
ဝေမျှပါ