- 
	                        
            
            ယေရမိ ၁၄:၁၃သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
- 
                            - 
                                        ၁၃ အဲဒီအခါ ကျွန်တော်က “အချုပ်အခြာအာဏာပိုင်ရှင် ယေဟောဝါ၊ ပရောဖက်တွေက ‘ဓားဘေးကို မင်းတို့ မြင်ရမှာမဟုတ်ဘူး။ အငတ်ဘေး ကြုံရမှာလည်း မဟုတ်ဘူး။ ဘုရားက ဒီနေရာမှာ စစ်မှန်တဲ့ငြိမ်သက်ခြင်း ပေးမယ်’ လို့ ဟောနေပါတယ်” ဆိုပြီး ပြောလိုက်တယ်။+ 
 
- 
                                        
- 
	                        
            
            ယေရမိ ၂၃:၁၆၊ ၁၇သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
- 
                            - 
                                        ၁၆ ဗိုလ်ခြေတို့ရဲ့အရှင် ယေဟောဝါ ပြောတာက “ပရောဖက်တွေ ဟောနေတာကို နားမထောင်ကြနဲ့။+ သူတို့က မင်းတို့ကို လှည့်စားနေတာ။ သူတို့ဟောတဲ့ စိတ်အာရုံဟာ ယေဟောဝါရဲ့ နှုတ်ထွက်စကား မဟုတ်ဘူး။+ စိတ်ထဲပေါ်လာတာတွေပဲ ဟောနေကြတာ။+ ၁၇ သူတို့က ငါ့ကို မခန့်လေးစားလုပ်သူတွေကို ‘ယေဟောဝါ ပြောတယ်– “ခင်ဗျားတို့ ငြိမ်သက်ခြင်း ခံစားရမယ်”’+ ဆိုပြီး အထပ်ထပ် ပြောနေတယ်။ ဇွတ်တရွတ်နိုင်တဲ့ စိတ်အလိုနောက် လိုက်သူတွေကိုလည်း ‘ခင်ဗျားတို့ ဘာဘေးဆိုးမှ ကြုံရမှာမဟုတ်ဘူး’ လို့ပြောနေတယ်။+ 
 
- 
                                        
- 
	                        
            
            ၁ သက်သာလောနိတ် ၅:၃သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
- 
                            - 
                                        ၃ “ငြိမ်းချမ်းပြီ၊ လုံခြုံပြီ” လို့ လူတွေပြောနေချိန်မှာပဲ ကိုယ်ဝန်ဆောင်မိန်းမက သားဖွားဝေဒနာ ရုတ်တရက် ခံစားရသလို မျှော်လင့်မထားတဲ့ ပျက်စီးခြင်းဘေးကလည်း သူတို့အပေါ် ရုတ်တရက် ရောက်လာလိမ့်မယ်။+ ဘယ်နည်းနဲ့မှ လွတ်မြောက်မှာ မဟုတ်ဘူး။ 
 
-