- 
	                        
            
            တရားဟောရာ ၆:၁၀၊ ၁၁သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
- 
                            - 
                                        ၁၀ “ယေဟောဝါဘုရားက ခင်ဗျားတို့ကို ပေးမယ်ဆိုပြီး ဘိုးဘေးအာဗြဟံ၊ အိဇက်၊ ယာကုပ်တို့ကို ကျိန်ဆိုခဲ့တဲ့ပြည်ထဲ+ ခေါ်ဆောင်သွားတဲ့အခါ၊ ခင်ဗျားတို့ဟာ ကိုယ်တိုင် မတည်ဆောက်ခဲ့တဲ့ မြို့ကြီးမြို့ကောင်းတွေ၊+ ၁၁ ကိုယ်တိုင်မဖြည့်ဘဲ ကောင်းမွန်ရာအမျိုးမျိုး ပြည့်နေတဲ့အိမ်တွေ၊ ကိုယ်တိုင်မတူးခဲ့တဲ့ ရေလှောင်ကန်တွေ၊ ကိုယ်တိုင် မစိုက်ပျိုးခဲ့တဲ့ စပျစ်ခြံတွေ၊ သံလွင်ပင်တွေရှိတဲ့ပြည်ထဲ ရောက်ပြီး ဝဝလင်လင် စားသောက်ရတဲ့အခါ၊+ 
 
- 
                                        
- 
	                        
            
            တရားဟောရာ ၈:၇-၉သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
- 
                            - 
                                        ၇ ခင်ဗျားတို့ကို သာယာလှပတဲ့ပြည်ထဲ ယေဟောဝါဘုရား ခေါ်ဆောင်လာပြီ။+ အဲဒီပြည်ဟာ ချောင်းတွေ ပေါများတယ်။ ချိုင့်ဝှမ်းလွင်ပြင်နဲ့ တောင်တန်းဒေသမှာ စမ်းချောင်းတွေ၊ စိမ့်စမ်းတွေ စီးဆင်းနေတယ်။ ၈ ဂျုံ၊ မုယောစပါး၊ စပျစ်ပင်၊ သဖန်းပင်၊ သလဲပင်တွေ+ ရှိတယ်။ သံလွင်ဆီနဲ့ ပျားရည် ထွက်တယ်။+ ၉ အစားအစာ ပေါများပြီး လိုလေသေးမရှိ ပြည့်စုံတဲ့ပြည်၊ သံရိုင်းပါတဲ့ကျောက်တွေ ထွက်ပြီး တောင်တန်းတွေကနေ ကြေးနီတူးဖော်ရတဲ့ပြည် ဖြစ်တယ်။ 
 
-