- 
	                        
            
            ဝတ်ပြုရာ ၂၆:၄၁၊ ၄၂သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
- 
                            - 
                                        ၄၁ ငါလည်း သူတို့ကို ဆန့်ကျင်ပြီး+ ရန်သူ့တိုင်းပြည်ကို ပို့ပစ်မယ်။+ “‘အဲဒီအခါကျရင်တော့ ခေါင်းမာလွန်းတဲ့ သူတို့ဟာ စိတ်နှိမ့်ချလာပြီး+ ကိုယ့်အမှားအတွက် ပေးဆပ်နိုင်ကောင်းပါရဲ့။ ၄၂ ငါလည်း ယာကုပ်နဲ့ဖွဲ့တဲ့ ပဋိညာဉ်၊+ အိဇက်နဲ့ဖွဲ့တဲ့ ပဋိညာဉ်၊+ အာဗြဟံနဲ့ဖွဲ့တဲ့ ပဋိညာဉ်ကို+ သတိရမယ်။ မင်းတို့ရဲ့တိုင်းပြည်ကိုလည်း သတိရမယ်။ 
 
- 
                                        
- 
	                        
            
            ဆာလံ ၁၀၆:၄၃-၄၅သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
- 
                            - 
                                        ၄၃ ဘုရားက အကြိမ်ကြိမ်ကယ်ပေမဲ့+ သူတို့မနာခံဘဲ ပုန်ကန်ခဲ့ကြတယ်။+ သူတို့ရဲ့အမှားကြောင့် နှိမ့်ချခံခဲ့ရတယ်။+ ၄၄ ဒါပေမဲ့ ဘုရားက သူတို့ရဲ့ဒုက္ခကို မြင်တယ်။+ သူတို့ရဲ့ အော်ဟစ်အကူအညီတောင်းသံကို ကြားတယ်။+ ၄၅ အဲဒီအခါ သူတို့အကျိုးအတွက် ဖွဲ့ထားတဲ့ ပဋိညာဉ်ကို သတိရတယ်။ ကြီးမားလှတဲ့ ခိုင်မြဲတဲ့မေတ္တာတော်ကြောင့် သူတို့ကို သနားသွားတယ်။+ 
 
-