-
ယေဇကျေလ ၃:၁-၃သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၃ အဲဒီနောက် သူက “လူသား၊ မင်းရှေ့က စာလိပ်ကို စားလိုက်ပါ။ စားပြီးရင် အစ္စရေးအမျိုးကို သွားပြောပါ”+ လို့ ကျွန်တော့်ကို ပြောတယ်။
၂ ဒါနဲ့ ကျွန်တော် ပါးစပ်ဟလိုက်တဲ့အခါ သူ အဲဒီစာလိပ်ကို ကျွေးတယ်။ ၃ ပြီးတော့ “လူသား၊ ငါပေးတဲ့ စာလိပ်ကို စားပြီး ဗိုက်ဖြည့်ပါ” လို့ ပြောတယ်။ ကျွန်တော်လည်း စာလိပ်ကို စားလိုက်တဲ့အခါ ပါးစပ်ထဲမှာ ပျားရည်လို ချိုတယ်။+
-
-
ဗျာဒိတ် ၁၀:၉၊ ၁၀သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၉ ကျွန်တော်လည်း အဲဒီကောင်းကင်တမန်ဆီ သွားပြီး စာလိပ်ငယ်ပေးပါလို့ တောင်းတယ်။ သူက “စာလိပ်ကို ယူစားလိုက်ပါ။+ ဝမ်းထဲမှာ ခါးနေလိမ့်မယ်။ ခံတွင်းထဲမှာတော့ ပျားရည်လို ချိုလိမ့်မယ်” လို့ ပြောတယ်။ ၁၀ ကောင်းကင်တမန်လက်ထဲက စာလိပ်ငယ်ကို ကျွန်တော် ယူစားလိုက်တဲ့အခါ+ ခံတွင်းထဲမှာ ပျားရည်လို ချိုနေတယ်။+ ဒါပေမဲ့ စားပြီးတဲ့အခါ ဝမ်းထဲမှာ ခါးနေတယ်။
-