ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ လက်သင်္ကေတပြဘာသာစကား
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • တရားဟောရာ ၃၀:၁-၃
    သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
    • ၃၀ “ကျွန်တော်ပြောနေတဲ့ ဒီကောင်းချီးတွေ၊ ဒီကျိန်စာတွေအတိုင်း ခင်ဗျားတို့ ကြုံရတဲ့အခါ+ ယေဟောဝါဘုရား နှင်ထုတ်လိုက်လို့ တကွဲတပြား ရောက်သွားမယ့် လူမျိုးတွေအလယ်မှာ+ ဒီစကားတွေကို ပြန်သတိရမယ်၊+ ၂ ခင်ဗျားတို့နဲ့ သားမြေးတွေကို အခု ကျွန်တော် မှာကြားနေတဲ့အတိုင်း ယေဟောဝါဘုရားဆီ ပြန်လှည့်လာပြီး+ ဘုရားရဲ့စကားကို စိတ်စွမ်းရှိသမျှ၊ ကိုယ်စွမ်းရှိသမျှ နားထောင်မယ်ဆိုရင်၊+ ၃ ယေဟောဝါဘုရားက ခင်ဗျားတို့ကို သုံ့ပန်းဘဝကနေ ပြန်ခေါ်လာပြီး+ ကရုဏာပြမယ်။+ ယေဟောဝါဘုရား နှင်ထုတ်လိုက်လို့ တကွဲတပြား ရောက်သွားမယ့် လူမျိုးတွေဆီကနေ ပြန်စုစည်းမယ်။+

  • ယေရမိ ၃:၁၈
    သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
    • ၁၈ “အဲဒီအချိန်မှာ ယုဒအမျိုးနဲ့ အစ္စရေးအမျိုးဟာ အတူလျှောက်လာကြလိမ့်မယ်။+ မြောက်အရပ်မှာရှိတဲ့ ပြည်ကနေ ထွက်ပြီး ဘိုးဘေးတွေကို ငါအမွေပေးခဲ့တဲ့ပြည်ထဲ ဝင်လာကြလိမ့်မယ်။+

  • ယေရမိ ၂၄:၆
    သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
    • ၆ သူတို့ကို ကောင်းမှုပြုဖို့ ငါကြည့်နေမယ်။ ဒီပြည်ကို ပြန်လာစေမယ်။+ သူတို့ကို မဖြိုချဘဲ တည်ဆောက်မယ်။ မနုတ်ပစ်ဘဲ စိုက်ပျိုးမယ်။+

  • ယေရမိ ၃၀:၃
    သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
    • ၃ ယေဟောဝါ ပြောတယ်– “သုံ့ပန်းဘဝရောက်နေတဲ့ ငါ့လူမျိုး အစ္စရေးနဲ့ယုဒကို ပြန်စုသိမ်းမယ့်နေ့ရက်တွေ ရောက်တော့မယ်။+ ဘိုးဘေးတွေကို ငါပေးခဲ့တဲ့ပြည်ဆီ သူတို့ကို ပြန်ခေါ်ဆောင်လာမယ်။ အဲဒီပြည်ကို သူတို့ ပြန်ပိုင်ဆိုင်ရလိမ့်မယ်။” ဒါဟာ ယေဟောဝါပြောတဲ့ စကားပဲ။’”+

  • ယေရမိ ၃၂:၃၇
    သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
    • ၃၇ ‘ငါက သူတို့ကို အမျက်ဒေါသ၊ ပြင်းထန်တဲ့ဒေါသနဲ့ တကွဲတပြားဖြစ်စေခဲ့ပေမဲ့ အဲဒီပြည်တွေကနေ ပြန်စုသိမ်းမယ်။+ ဒီနေရာကို ပြန်ခေါ်လာပြီး ဘေးကင်းလုံခြုံစွာ နေထိုင်စေမယ်။+

  • အာမုတ် ၉:၁၄
    သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
    • ၁၄ ငါ့လူမျိုး အစ္စရေးသုံ့ပန်းတွေကို ငါပြန်စုသိမ်းမယ်။+

      ပျက်စီးနေတဲ့မြို့တွေကို သူတို့ ပြန်တည်ဆောက်ပြီး နေထိုင်ကြမယ်။+

      စပျစ်ခြံတွေ စိုက်ပျိုးပြီး စပျစ်ဝိုင် သောက်ကြလိမ့်မယ်။+

      သစ်သီးခြံတွေ စိုက်ပျိုးပြီး သစ်သီးတွေ စားကြလိမ့်မယ်။’+

မြန်မာ စာစောင်များ (၂၀၁၁-၂၀၂၅)
ထွက်ပါ
ဝင်ပါ
  • မြန်မာ လက်သင်္ကေတပြဘာသာစကား
  • ဝေမျှပါ
  • နှစ်သက်ရာ ရွေးချယ်ပါ
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • လိုက်နာရန် စည်းကမ်းများ
  • ကိုယ်ရေးလုံခြုံမှု မူဝါဒ
  • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
  • JW.ORG
  • ဝင်ပါ
ဝေမျှပါ