-
ယေရမိ ၁၁:၁၉၊ ၂၀သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၁၉ ကျွန်တော်ဟာ သတ်ဖို့ခေါ်သွားခံရတဲ့၊ ပြုသမျှခံရမယ့် သိုးသငယ်လိုပဲ။
သူတို့က “အပင်ကိုရော အသီးကိုပါ ဖျက်ဆီးကြစို့။
သူ့နာမည်ကို သတိမရတော့အောင် သက်ရှိလောကထဲကနေ သူ့ကိုပယ်ရှင်းကြစို့” လို့ပြောပြီး မကောင်းကြံနေမှန်း ကျွန်တော် မသိဘူး။+
၂၀ ဗိုလ်ခြေတို့ရဲ့အရှင် ယေဟောဝါကတော့ ဖြောင့်မတ်ခြင်းနဲ့အညီ တရားစီရင်တယ်။
ကျွန်တော့်အမှုကို ကိုယ်တော့်ဆီမှာ အပ်ထားတဲ့အတွက် ကိုယ်တော် လက်စားချေတာကို မြင်တွေ့ပါရစေ။
-