-
နေဟမိ ၉:၁၇သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၁၇ သူတို့မှာ နားထောင်ချင်စိတ် မရှိဘူး။+ ကိုယ်တော်လုပ်ပေးခဲ့တဲ့ ထူးဆန်းအံ့သြဖွယ် လုပ်ရပ်တွေကိုလည်း သတိမရတော့ဘဲ ခေါင်းမာတယ်။ ကျွန်ခံရာအီဂျစ်ပြည်ကို ပြန်ဖို့ ခေါင်းဆောင်တစ်ယောက်ကို ခန့်ထားတယ်။+ ဒါပေမဲ့ ကိုယ်တော်ဟာ ခွင့်လွှတ်ဖို့ အသင့်ရှိတဲ့ဘုရား၊ သနားစာနာပြီး ကရုဏာရှိတဲ့ဘုရား၊ ဒေါသထွက်နှေးပြီး ခိုင်မြဲတဲ့မေတ္တာ ကြွယ်ဝတဲ့ ဘုရားဖြစ်တာကြောင့်+ သူတို့ကို မစွန့်ပစ်ခဲ့ဘူး။+
-
-
နေဟမိ ၉:၂၉သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၂၉ ပညတ်တရားကို လိုက်နာဖို့ သတိပေးပေမဲ့ သူတို့က ပညတ်ချက်တွေကို နားမထောင်ဘဲ အတင့်ရဲတဲ့ လုပ်ရပ်တွေ လုပ်တယ်။+ ကိုယ်တော့် စီရင်ဆုံးဖြတ်ချက်တွေကို မလိုက်နာဘဲ ပြစ်မှားခဲ့ကြတယ်။ အဲဒီအတိုင်းသာ လိုက်နာမယ်ဆိုရင် အသက်ရှင်ကြမှာ။+ ဒါပေမဲ့ သူတို့ ကလန်ကဆန်လုပ်ပြီး ကျောခိုင်းကြတယ်။ ခေါင်းမာတဲ့အပြင် နားထောင်ချင်စိတ်လည်းမရှိဘူး။
-