-
၂ ဘုရင်များ ၂၄:၁၄၊ ၁၅သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၁၄ ဗာဗုလုန်ဘုရင်က ဂျေရုဆလင်မြို့သားတွေ၊ မင်းညီမင်းသားတွေ၊+ ခွန်အားကြီးစစ်သည်တွေ၊ လက်မှုပညာသည်တွေ၊ ပန်းပဲဆရာတွေ*+ စုစုပေါင်းလူ ၁၀,၀၀၀ ကို ဖမ်းခေါ်သွားတယ်။ ဆင်းရဲမွဲတေနေသူတွေကိုတော့ ချန်ခဲ့တယ်။+ ၁၅ ယေခေါနိကို+ ဗာဗုလုန်ဆီ ဖမ်းခေါ်သွားတယ်။+ မယ်တော်နဲ့ မိဖုရားတွေ၊ နန်းတွင်းအရာရှိတွေ၊ တိုင်းပြည်ရဲ့ အထင်ကရပုဂ္ဂိုလ်တွေကိုလည်း ဂျေရုဆလင်မြို့ကနေ ဖမ်းခေါ်သွားတယ်။
-
-
ဒံယေလ ၁:၂၊ ၃သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၂ အဲဒီနောက် ယေဟောဝါက ယုဒဘုရင် ယောယကိမ်နဲ့ စစ်မှန်တဲ့ ဘုရားသခင်ရဲ့ အိမ်တော်အသုံးအဆောင် ပစ္စည်းတချို့ကို နေဗုခဒ်နေဇာလက်ထဲ အပ်လိုက်တယ်။+ နေဗုခဒ်နေဇာက အဲဒီပစ္စည်းတွေကို ရှိနာပြည်*+ မှာရှိတဲ့ သူ့ဘုရားကျောင်းဆီ သယ်သွားပြီး ဘဏ္ဍာတိုက်ထဲ ထည့်ထားလိုက်တယ်။+
၃ အဲဒီနောက် ဘုရင်နေဗုခဒ်နေဇာက မင်းမျိုးမင်းနွယ်၊ ဂုဏ်အသရေရှိသူအပါအဝင် အစ္စရေးအမျိုးသားတချို့ကို ခေါ်လာဖို့ နန်းတွင်းအရာရှိချုပ် အာရှပေနတ်ကို အမိန့်ပေးတယ်။+
-