-
ယေရမိ ၃၃:၁၂သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၁၂ “‘လူသူတိရစ္ဆာန်မရှိတဲ့ ဒီလွင်တီးခေါင်နဲ့ ဒီမြို့တွေဟာ စားကျက်မြေ ပြန်ဖြစ်လာမယ်။ သိုးထိန်းတွေက သိုးအုပ်တွေကို အဲဒီမှာ နားနေစေမယ်’+ လို့ ဗိုလ်ခြေတို့ရဲ့အရှင် ယေဟောဝါ ပြောတယ်။
-
-
ယေဇကျေလ ၃၆:၁၀၊ ၁၁သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၁၀ မင်းတို့ရဲ့လူတွေဖြစ်တဲ့ အစ္စရေးတစ်မျိုးလုံးကို ငါတိုးများစေမယ်။ မြို့တွေမှာ လူတွေပြန်နေထိုင်ပြီး+ အပျက်အယွင်းတွေကို ပြန်တည်ဆောက်ကြလိမ့်မယ်။+ ၁၁ မင်းတို့ရဲ့လူတွေ၊ တိရစ္ဆာန်အုပ်တွေကို ငါတိုးများစေမယ်။+ သူတို့ ပွားများကြလိမ့်မယ်။ မင်းတို့ဆီမှာ အရင်ကလို လူတွေပြန်နေထိုင်အောင် ငါလုပ်မယ်။+ မင်းတို့ကို အရင်ကထက် ကြီးပွားတိုးတက်စေမယ်။+ ငါဟာ ယေဟောဝါပဲဆိုတာ မင်းတို့သိရကြလိမ့်မယ်။+
-