-
ဟီဘရူး ၈:၈-၁၂သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၈ “‘ငါနဲ့ အစ္စရေးအမျိုး၊ ယုဒအမျိုးတို့ ပဋိညာဉ်သစ်တစ်ခု ဖွဲ့မယ့်နေ့ ရောက်လာလိမ့်မယ်’ လို့ ယေဟောဝါ* ပြောတယ်။ အဲဒီလိုပြောခဲ့တာဟာ လူတွေမှာ အပြစ်ဆိုစရာ ရှိနေလို့ပဲ။ ၉ ‘အဲဒီပဋိညာဉ်ဟာ ဘိုးဘေးတွေကို အီဂျစ်ပြည်ကနေ ငါလက်ဆွဲပြီး ခေါ်ထုတ်လာတုန်းက+ ဖွဲ့ခဲ့တဲ့ ပဋိညာဉ်နဲ့မတူဘူး။ ငါ့ပဋိညာဉ်ကို သူတို့ ချိုးဖောက်ခဲ့တဲ့အတွက် ငါလည်း သူတို့ကို ဂရုတစိုက် စောင့်ရှောက်တော့မှာမဟုတ်ဘူး’ လို့ ယေဟောဝါ* ပြောတယ်။
၁၀ “‘နောက်ပိုင်းမှာ အဲဒီပဋိညာဉ်ကို အစ္စရေးအမျိုးနဲ့ ငါဖွဲ့မယ်။ ငါ့ပညတ်တွေကို သူတို့စိတ်ထဲရောက်အောင် သွင်းပေးမယ်။ သူတို့နှလုံးသားပေါ်မှာ ရေးထားမယ်။+ ငါဟာ သူတို့ရဲ့ဘုရားသခင် ဖြစ်လာပြီး သူတို့လည်း ငါ့လူတွေ ဖြစ်လာမယ်’+ လို့ ယေဟောဝါ* ပြောတယ်။
၁၁ “‘“ယေဟောဝါကို* သိအောင်လုပ်ပါ” ဆိုပြီး တစ်မြို့တည်းသားတွေ၊ ညီအစ်ကိုတွေကို သင်ပေးစရာ မလိုတော့ဘူး။ လူကြီးလူငယ်မရွေး ငါ့ကို သိကြလိမ့်မယ်။ ၁၂ သူတို့ရဲ့ မဖြောင့်မတ်တဲ့ လုပ်ရပ်တွေကို ငါခွင့်လွှတ်မယ်။ သူတို့ရဲ့ အပြစ်တွေအကြောင်း ငါပြန်မစဉ်းစားတော့ဘူး’ လို့လည်း ပြောထားတယ်။”+
-