-
ယေဇကျေလ ၁၀:၁၉သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၁၉ ကျွန်တော်ကြည့်နေတုန်း ခေရုဗိမ်တွေ အတောင်ဖြန့်ပြီး မြေပေါ်ကနေ တက်သွားတယ်။ သူတို့သွားတဲ့အခါ ဘီးတွေ အတူလိုက်သွားတယ်။ သူတို့က ယေဟောဝါအိမ်တော်ရဲ့ အရှေ့ဘက်တံခါးပေါက်မှာ ရပ်နေတယ်။ အစ္စရေးတို့ဘုရားသခင်ရဲ့ ဘုန်းအသရေ သူတို့အပေါ်မှာ ရှိနေတယ်။+
-
-
ယေဇကျေလ ၄၄:၁၊ ၂သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၄၄ သူက သန့်ရှင်းရာဌာနတော်ရဲ့ အရှေ့ဘက် မျက်နှာမူထားတဲ့ အပြင်တံခါးဆီ ကျွန်တော့်ကို ပြန်ခေါ်သွားတယ်။+ အဲဒီတံခါးဟာ ပိတ်နေတယ်။+ ၂ အဲဒီနောက် ယေဟောဝါက ကျွန်တော့်ကို ပြောတယ်– “ဒီတံခါး အမြဲပိတ်နေလိမ့်မယ်။ လုံးဝ မဖွင့်ရဘူး။ အစ္စရေးတို့ရဲ့ဘုရား ယေဟောဝါဝင်တဲ့ တံခါးဖြစ်လို့ ဒီတံခါးထဲ ဘယ်သူမှ မဝင်ရဘူး။+ တံခါးကို အမြဲပိတ်ထားရမယ်။
-