-
၂ ဘုရင်များ ၂၃:၈၊ ၉သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၈ အဲဒီနောက် ယောရှိက ယုဒမြို့တွေမှာရှိတဲ့ ပုရောဟိတ်အားလုံးကို ခေါ်လိုက်တယ်။ ဂေဘမြို့ကနေ+ ဗေရရှေဘမြို့အထိ+ ပုရောဟိတ်တွေ ပူဇော်တဲ့ အထွတ်အမြတ်နေရာတွေကို ညစ်ညူးအောင် လုပ်လိုက်တယ်။ မြို့တံခါးကနေဝင်လာရင် ဘယ်ဘက်မှာရှိတဲ့ မြို့ဝန်ယောရှုရဲ့ အိမ်တံခါးနားက အထွတ်အမြတ်နေရာတွေကိုလည်း ဖြိုချပစ်တယ်။ ၉ အထွတ်အမြတ်နေရာတွေမှာ ပုရောဟိတ်လုပ်တဲ့သူတွေဟာ ဂျေရုဆလင်မှာရှိတဲ့ ယေဟောဝါရဲ့ပူဇော်ရာပလ္လင်မှာ အမှုဆောင်ခွင့်မရှိဘူး။+ ဒါပေမဲ့ တဆေးမဲ့မုန့်ကိုတော့ ညီအစ်ကိုတွေနဲ့အတူ စားသုံးခွင့်ရှိတယ်။
-
-
နေဟမိ ၉:၃၄သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၃၄ ကျွန်တော်တို့ရဲ့ ဘုရင်တွေ၊ မှူးမတ်တွေ၊ ပုရောဟိတ်တွေ၊ ဘိုးဘေးတွေက ပညတ်တရားကို မလိုက်နာကြဘူး။ ကိုယ်တော့်ပညတ်ချက်တွေ၊ သတိပေးချက်တွေကိုလည်း အာရုံမစိုက်ကြဘူး။
-
-
ယေဇကျေလ ၈:၅သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၅ သူက “လူသား၊ မြောက်အရပ်ကို ကြည့်လိုက်ပါဦး” လို့ပြောတယ်။ ကျွန်တော်လည်း မြောက်အရပ်ကို ကြည့်လိုက်တဲ့အခါ ပူဇော်ရာပလ္လင်ရဲ့ မြောက်ဘက်တံခါးပေါက်မှာ ဘုရားရဲ့ ဝန်တိုစိတ်ကို ဆွပေးတဲ့ ရုပ်တုရှိနေတယ်။
-