-
တောလည်ရာ ၁၅:၂၀သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၂၀ သီးဦးသီးဖျား ဂျုံကြမ်းကို မုန့်လက်ကောက်တွေလုပ်ပြီး လှူရမယ်။+ ကောက်နယ်တလင်းကနေ ရတာတွေကို လှူသလိုပဲ လှူရမယ်။
-
-
နေဟမိ ၁၀:၃၅-၃၇သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၃၅ ကျွန်တော်တို့ပြည်ကထွက်တဲ့ သီးဦးသီးဖျား အမှည့်တွေနဲ့ ပေါ် ဦးပေါ်ဖျား သစ်သီးအမှည့်အမျိုးမျိုးကို ယေဟောဝါရဲ့ အိမ်တော်ဆီ နှစ်တိုင်း ယူလာမယ်။+ ၃၆ ကျွန်တော်တို့ရဲ့ သားဦးတွေ၊ သိုးနွားတိရစ္ဆာန် သားဦးတွေကို+ ပညတ်ကျမ်းမှာ ရေးထားတဲ့အတိုင်း ဘုရားသခင့်အိမ်တော်ဆီ၊ အိမ်တော်မှာ အမှုဆောင်နေတဲ့ ပုရောဟိတ်တွေဆီ ယူလာမယ်။+ ၃၇ ပြီးတော့ သီးဦးသီးဖျား ဂျုံကြမ်းတွေ၊+ အလှူပစ္စည်းတွေ၊ သစ်သီးအမျိုးမျိုး၊+ စပျစ်ဝိုင်အသစ်နဲ့ ဆီကို+ ဘုရားသခင့်အိမ်တော်ရဲ့ သိုလှောင်ခန်းတွေမှာရှိတဲ့ ပုရောဟိတ်တွေဆီ ယူလာမယ်။+ ထွန်ယက်စိုက်ပျိုးတဲ့ မြို့တိုင်းမှာ ဆယ်ဖို့တစ်ဖို့ ကောက်ခံကြတဲ့ လေဝိအမျိုးသားတွေဆီ ကျွန်တော်တို့ရဲ့ မြေထွက်သီးနှံ ဆယ်ဖို့တစ်ဖို့ကို ယူလာမယ်။+
-