ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ လက်သင်္ကေတပြဘာသာစကား
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • တရားဟောရာ ၂၈:၄၈-၅၁
    သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
    • ၄၈ ရန်သူတွေကို ယေဟောဝါ စေလွှတ်လိုက်မှာဖြစ်လို့ ခင်ဗျားတို့ဟာ စားစရာ၊ သောက်စရာ၊ ဝတ်စရာ အရာရာချို့တဲ့ပြီး+ ကျွန်ခံရမယ်။+ ဘုရားသခင်က ခင်ဗျားတို့ပခုံးပေါ် သံထမ်းပိုး တင်ပေးမယ်။ ဒီလိုနဲ့ ခင်ဗျားတို့ လုံးလုံးပျက်စီးသွားမယ်။

      ၄၉ “ယေဟောဝါဘုရားက ခင်ဗျားတို့ကို တိုက်ခိုက်မယ့် လူမျိုးတစ်မျိုးကို+ ဝေးလံလှတဲ့ မြေကြီးတစ်ဖက်စွန်းကနေ ပေါ်ထွက်စေမယ်။ သူတို့က လင်းယုန်လို တစ်ဟုန်ထိုး တိုက်ခိုက်မယ်။+ ခင်ဗျားတို့နားမလည်တဲ့ ဘာသာစကားကိုပြောတဲ့ လူမျိုး၊+ ၅၀ ကြီးသူကို မလေးစား၊ ငယ်သူကို မသနားဘဲ ရက်စက်ကြမ်းကြုတ်တဲ့ လူမျိုး ဖြစ်တယ်။+ ၅၁ တိရစ္ဆာန်သားပေါက်တွေ၊ မြေထွက်သီးနှံတွေကို သူတို့ စားလိုက်မှာဖြစ်လို့ ခင်ဗျားတို့ လုံးလုံးပျက်စီးသွားရလိမ့်မယ်။ ကောက်နှံ၊ စပျစ်ဝိုင်အသစ်၊ ဆီ၊ သိုးနွားသားပေါက်တွေကို ချန်မထားဘဲ အားလုံးကို ဖျက်ဆီးပစ်မယ်။+

  • ယေဇကျေလ ၂၁:၃၁
    သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
    • ၃၁ မင်းတို့အပေါ် ငါ့ဒေါသကို သွန်းလောင်းမယ်။ ငါ့ဒေါသမီးကို မင်းတို့အပေါ် မှုတ်မယ်။ ရက်စက်သူတွေ၊ အဖျက်ဝိဇ္ဇာတွေလက်ထဲ မင်းတို့ကို ငါအပ်မယ်။+

  • ဟဗက္ကုတ် ၁:၆
    သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
    •  ၆ ရက်စက်ကြမ်းကြုတ်ပြီး ကမူးရှူးထိုး လုပ်တတ်တဲ့ ခါလဒဲလူမျိုးကို ငါပေါ်ထွန်းစေမှာ ဖြစ်လို့ပဲ။+

      သူတို့က ကိုယ်မပိုင်တဲ့အိမ်တွေကို သိမ်းယူဖို့ မြေတစ်ပြင်လုံးကို တိုက်ချတတ်တယ်။+

မြန်မာ စာစောင်များ (၂၀၁၁-၂၀၂၅)
ထွက်ပါ
ဝင်ပါ
  • မြန်မာ လက်သင်္ကေတပြဘာသာစကား
  • ဝေမျှပါ
  • နှစ်သက်ရာ ရွေးချယ်ပါ
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • လိုက်နာရန် စည်းကမ်းများ
  • ကိုယ်ရေးလုံခြုံမှု မူဝါဒ
  • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
  • JW.ORG
  • ဝင်ပါ
ဝေမျှပါ