-
ဟေရှာယ ၃၆:၆သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၆ မင်းက ကျူရိုးပြတ်နဲ့တူတဲ့ အီဂျစ်ရဲ့အကူအညီကို အားထားနေတာကိုး။ တကယ်တော့ အဲဒီကျူရိုးပြတ်က အားပြုသူရဲ့လက်ကို စူးတတ်တယ်။ အီဂျစ်ဘုရင်ဖာရောက သူ့ကိုအားကိုးသူတွေကိုအဲဒီလိုပဲလုပ်လိမ့်မယ်။+
-
-
ယေရမိ ၃၇:၅-၇သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၅ အဲဒီအချိန်မှာ ဖာရောရဲ့စစ်တပ်က အီဂျစ်ပြည်ကနေ စစ်ချီလာတယ်။+ ခါလဒဲလူတွေက အဲဒီသတင်းကို ကြားတဲ့အခါ ဂျေရုဆလင်ကို ဝိုင်းထားရာကနေ တပ်ဆုတ်သွားတယ်။+ ၆ အဲဒီနောက် ပရောဖက်ယေရမိကို ယေဟောဝါ ပြောတယ်– ၇ “အစ္စရေးတို့ရဲ့ဘုရား ယေဟောဝါ ပြောတာက– ‘ငါ့ကို မေးမြန်းဖို့ မင်းတို့ကို လွှတ်လိုက်တဲ့ ယုဒဘုရင်ကို ပြန်ပြောလိုက်ပါ။ “မင်းတို့ကို စစ်ကူဖို့ လာနေတဲ့ ဖာရောရဲ့စစ်တပ်က နေရင်းပြည် အီဂျစ်ကို ပြန်သွားရလိမ့်မယ်။+
-
-
ယေဇကျေလ ၁၇:၁၇သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၁၇ လူတွေ အတုံးအရုံးကျဆုံးဖို့ ထိုးစစ်ကုန်းရိုးတွေ၊ ထိုးစစ်တံတိုင်းတွေ တည်ဆောက်ချိန်မှာ ဖာရောရဲ့ စစ်သည်အလုံးအရင်းဟာ သူ့ကို စစ်ကူနိုင်မှာ မဟုတ်ဘူး။+
-