-
ဒံယေလ ၁:၂၀သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၂၀ သူတို့ဟာ ဉာဏ်ပညာနဲ့ သိနားလည်မှုသုံးပြီး ဖြေရမယ့် မေးခွန်းမှန်သမျှကို ဖြေနိုင်တဲ့အတွက် တစ်ပြည်လုံးမှာရှိတဲ့ မှော်ဆရာတွေ၊ မျက်လှည့်ဆရာတွေထက် ဆယ်ဆသာတယ်။+
-
-
ဒံယေလ ၅:၁၁၊ ၁၂သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၁၁ ခမည်းတော် လက်ထက်တုန်းက နိုင်ငံမှာ သန့်ရှင်းတဲ့ဘုရားတွေဆီက စွမ်းအားကို ရရှိထားသူတစ်ယောက် ရှိတယ်။ သူ့ဆီမှာ ဉာဏ်အလင်း၊ ထိုးထွင်းဉာဏ်၊ ဘုရားလိုဉာဏ်ပညာမျိုး ရှိတယ်။+ အရှင်မင်းကြီး၊ ခမည်းတော် နေဗုခဒ်နေဇာမင်းကြီးက သူ့ကို မှော်ဆရာတွေ၊ မျက်လှည့်ဆရာတွေ၊ ခါလဒဲလူတွေ၊* နက္ခတ်ဗေဒင်ဆရာတွေရဲ့ ဦးစီးချုပ်အဖြစ် ခန့်အပ်ခဲ့တယ်။+ ၁၂ ဗေလတရှာဇာလို့+ ခမည်းတော်နာမည် ပေးထားတဲ့ ဒံယေလဟာ ထူးခြားတဲ့ စိတ်သဘော၊ အသိပညာနဲ့ ထိုးထွင်းဉာဏ်ရှိသူပါ။ အိပ်မက်အဓိပ္ပာယ်ကို ဖွင့်ပြနိုင်တယ်။ ပဟေဠိတွေကို ရှင်းပြနိုင်တယ်။ ရှုပ်ထွေးတဲ့ ပြဿနာတွေကို ဖြေရှင်းနိုင်တယ်။*+ အခု၊ ဒံယေလကို ဆင့်ခေါ်လိုက်ပါ။ စာရဲ့အဓိပ္ပာယ်ကို ပြောပြပါလိမ့်မယ်” လို့ပြောတယ်။
-