-
ဒံယေလ ၃:၂၆၊ ၂၇သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၂၆ အဲဒီနောက် နေဗုခဒ်နေဇာက တောက်လောင်နေတဲ့ မီးဖိုကြီးရဲ့ တံခါးနားကို သွားပြီး “ရှာဒရက်၊ မေရှက်၊ အဗေဒနေဂေါတို့၊ အမြင့်ဆုံး ဘုရားသခင်ရဲ့+ ကျွန်တို့၊ ထွက်လာကြ” လို့ပြောတဲ့အခါ ရှာဒရက်၊ မေရှက်၊ အဗေဒနေဂေါတို့ မီးထဲကနေ ထွက်လာတယ်။ ၂၇ သူတို့ရဲ့ခန္ဓာကိုယ် မီးမစွဲတာ၊+ ဆံချည်တစ်မျှင်တောင် မီးမကျွမ်းတာ၊ ဝတ်ရုံလည်း ဘာမှမဖြစ်တဲ့အပြင် မီးလောင်ထားတဲ့အနံ့တောင် မထွက်တာကို စုဝေးရောက်ရှိနေတဲ့ ဘုရင်ခံချုပ်၊ ဝန်ကြီး၊ ဘုရင်ခံ၊ မင်းအရာရှိတွေအားလုံး+ တွေ့သွားတယ်။
-