ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ လက်သင်္ကေတပြဘာသာစကား
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • ဧဇရ ၉:၆၊ ၇
    သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
    • ၆ ဆုတောင်းလိုက်တာက “အို ဘုရားသခင်၊ ကျွန်တော်ရှက်လွန်းလို့ ကိုယ်တော့်ကို မျက်နှာမပြရဲပါဘူး။ ဘုရားသခင်၊ ကျွန်တော်တို့ရဲ့ အမှားတွေ ခေါင်းကိုလွှမ်းမိုးတဲ့အထိ များနေပြီ။ ကျွန်တော်တို့ရဲ့ အပြစ်တွေ ကောင်းကင်အထိတောင် ရောက်နေပြီ။+ ၇ ဘိုးဘေးတွေ လက်ထက်ကစပြီး ဒီနေ့အထိ အပြစ်တွေအများကြီး  ကျူးလွန်ခဲ့ပါပြီ။+  ကျွန်တော်တို့ရဲ့  အမှားတွေကြောင့်  အခုလိုမျိုး ကိုယ်တိုင်ရော၊ ဘုရင်တွေနဲ့ ပုရောဟိတ်တွေပါ တိုင်းတစ်ပါးဘုရင်တွေလက်ထဲ ကျရောက်ခဲ့ရတယ်။ ဓားဘေးကြောင့် သေခဲ့ရတယ်။+ သုံ့ပန်းဘဝရောက်ခဲ့ရတယ်။+ လုယက်ခံရပြီး+ အရှက်တကွဲ  ဖြစ်ခဲ့ရပါတယ်။+

  • နေဟမိ ၉:၂၆
    သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
    • ၂၆ “ဒါပေမဲ့ သူတို့က ကိုယ်တော့်ကို မနာခံဘဲ ပုန်ကန်တယ်။+ ပညတ်တရားကို ကျောခိုင်းခဲ့တယ်။ ကိုယ်တော့်ဆီ ပြန်လှည့်လာဖို့ သတိပေးတဲ့ ပရောဖက်တွေကိုလည်း သတ်ပစ်တယ်။ မထီလေးစား လုပ်ရပ်တွေကို ကျူးလွန်ခဲ့တယ်။+

  • နေဟမိ ၉:၃၃
    သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
    • ၃၃ ကျွန်တော်တို့ကို ကိုယ်တော် ပြစ်ဒဏ်ပေးတာ တရားပါတယ်။ ကိုယ်တော်က သစ္စာရှိရှိ လုပ်ဆောင်ခဲ့ပါတယ်။ ကျွန်တော်တို့ကသာ မိုက်မိုက်မဲမဲ လုပ်ခဲ့တာပါ။+

  • ဆာလံ ၁၀၆:၆
    သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
    •  ၆ ကျွန်တော်တို့ဟာ ဘိုးဘေးတွေလိုပဲ အပြစ်လုပ်ကြတယ်။+

      အမှားတွေလုပ်ပြီး ဆိုးညစ်စွာ ကျင့်ကြံကြတယ်။+

  • မြည်တမ်းစကား ၃:၄၂
    သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
    • ၄၂ “ကျွန်တော်တို့ ပြစ်မှားမိပါပြီ။ ပုန်ကန်မိပါပြီ။+ ကျွန်တော်တို့ကို ကိုယ်တော် ခွင့်မလွှတ်ဘူး။+

မြန်မာ စာစောင်များ (၂၀၁၁-၂၀၂၅)
ထွက်ပါ
ဝင်ပါ
  • မြန်မာ လက်သင်္ကေတပြဘာသာစကား
  • ဝေမျှပါ
  • နှစ်သက်ရာ ရွေးချယ်ပါ
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • လိုက်နာရန် စည်းကမ်းများ
  • ကိုယ်ရေးလုံခြုံမှု မူဝါဒ
  • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
  • JW.ORG
  • ဝင်ပါ
ဝေမျှပါ