-
၂ ဘုရင်များ ၁၆:၁-၃သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၁၆ ရေမလိရဲ့သား ပေကာ နန်းစံ ၁၇ နှစ်မှာ ယုဒဘုရင် ယောသံရဲ့သား အာခတ်+ နန်းတက်လာတယ်။ ၂ အာခတ် နန်းတက်ချိန်မှာ အသက် ၂၀ ရှိပြီ။ ဂျေရုဆလင်မြို့မှာ ၁၆ နှစ် စိုးစံတယ်။ ဘိုးဘေးဒါဝိဒ်က ယေဟောဝါဘုရားရှေ့မှာ မှန်ရာကို လုပ်ခဲ့ပေမဲ့ အာခတ်မင်းကတော့ မလုပ်ဘူး။+ ၃ အစ္စရေးဘုရင်တွေရဲ့ လမ်းစဉ်အတိုင်း လိုက်တယ်။+ အစ္စရေးတွေရှေ့ကနေ ယေဟောဝါ မောင်းထုတ်ခဲ့တဲ့ လူမျိုးတွေရဲ့ ရွံမုန်းစရာ အကျင့်ဓလေ့တွေကို လိုက်လုပ်ပြီး+ ကိုယ့်သားကိုတောင် မီးရှို့ပူဇော်တယ်။+
-