ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ လက်သင်္ကေတပြဘာသာစကား
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • တရားသူကြီး ၃:၇
    သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
    • ၇ ဒီလိုနဲ့  အစ္စရေးတွေဟာ  ယေဟောဝါရှေ့မှာ မကောင်းတာတွေ လုပ်တယ်။ သူတို့ရဲ့ဘုရား ယေဟောဝါကို မေ့လျော့ပြီး ဗာလဘုရားတွေနဲ့+ ကိုးကွယ်ရာသစ်တိုင်တွေကို*+ ဝတ်ပြုကြတယ်။

  • ၁ ဘုရင်များ ၁၆:၃၀-၃၂
    သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
    • ၃၀ သြမရိရဲ့သား အာဟပ်က ယေဟောဝါရှေ့မှာ  မကောင်းတာတွေ  ဆက်လုပ်တယ်၊ အရင်ကဘုရင်တွေထက် ပိုဆိုးတယ်။+ ၃၁ နေဗတ်သား ယေရောဗောင်ရဲ့ အပြစ်လမ်းစဉ်အတိုင်း+ လိုက်တာကို  မကျေနပ်သေးဘဲ  ဆိုင်ဒုန်ဘုရင်+ ဧသဗာလရဲ့သမီး ယေဇဗေလကိုလည်း+ မိဖုရားမြှောက်ပြီး ဗာလဘုရားကို+ ဦးချဝတ်ပြုတယ်။ ၃၂ ဒါ့အပြင် ရှမာရိမြို့မှာ သူတည်ဆောက်ထားတဲ့  ဗာလဘုရားကျောင်းမှာ+ ဗာလဘုရားအတွက် ယဇ်ပလ္လင်တစ်ခု  တည်တယ်။

  • ၂ ဘုရင်များ ၁၀:၂၈
    သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
    • ၂၈ ဒီလိုနဲ့ ယေဟုက ဗာလဝတ်ပြုရေးကို အစ္စရေးပြည်ကနေ ပယ်ရှင်းလိုက်တယ်။

  • ဟောရှေ ၁၁:၂
    သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
    •  ၂ သူတို့* ခေါ်လေလေ

      အစ္စရေးက ပြေးလေလေပဲ။+

      ဗာလရုပ်တုတွေဆီ ပူဇော်မြဲပူဇော်တယ်။+

      ရုပ်တုတွေဆီ ပူဇော်သက္ကာတွေ ဆက်သတယ်။+

မြန်မာ စာစောင်များ (၂၀၁၁-၂၀၂၅)
ထွက်ပါ
ဝင်ပါ
  • မြန်မာ လက်သင်္ကေတပြဘာသာစကား
  • ဝေမျှပါ
  • နှစ်သက်ရာ ရွေးချယ်ပါ
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • လိုက်နာရန် စည်းကမ်းများ
  • ကိုယ်ရေးလုံခြုံမှု မူဝါဒ
  • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
  • JW.ORG
  • ဝင်ပါ
ဝေမျှပါ